ဗီယက်နမ်နိုင်ငံက စက်မှုလုပ်ငန်းသုံး မြေများကို စပါးစိုက်ပျိုးဖို့ ပြန်လည်ချထား
ဗီယက်နမ်အစိုးရဟာ စက်မှုဇုန်များ (IZs)အတွက် ခွင့်ပြုချထားတဲ့ ပရိုဂျက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပြီး၊ စပါး စိုက်ပျိုးဖို့အပါအဝင် စိုက်ပျိုးရေးအတွက် မြေဟက်တာ ၁၂၅၀ ကို ပြန်လည်ချထားကြောင်း သိရပါတယ်။ စက်မှုဇုန် (IZs)များစွာ ဟာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပြီးတဲ့နောက် မတ်လအတွင်းမှာ IZs များရဲ့ တိုး တက်မှုကို ပြန်လည်သုံးသပ်ဖို့ ဒေသအာဏာပိုင်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ပြီးတဲ့နောက်မှာ Tay Ninh ပြည်နယ် စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြား ရေးမှူးက IZs အစီအစဉ် ၂၃ ခုအနက် ၁၀ ခုကိုဖယ်ရှားခဲ့ပြီး၊ လယ်ယာစိုက်ပျိုးဖို့ မြေများပြန်လည်ခွင့်ပြုချထား ပေးခဲ့ပါတယ်။ ှုဇျ များကို အစိုးရမြေ သို့မဟုတ် မြေရိုင်းများမှာသာ ခွင့်ပြုသွားမှာဖြစ်ပြီး၊ စပါးနဲ့ အခြားသီးနှံစိုက်ပျိုး တဲ့ မြေများအပေါ်က စက်မှုဇုန်များကို ဖယ်ရှားသွားမှာဖြစ်တယ်လု့ိ ၎င်းက ဆိုပါတယ်။ အဲဒီလို မြေနေရာ ပြန်လည်ချထားခြင်းတွေ ပိုမိုဖြစ်လာဖွယ်ရှိပြီး၊ IZs အတွက် ချထားတဲ့မြေဧရိယာများ ဟာ လယ်ကွင်းများအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ သိရပါတယ်။ လမင်း၊Source: oryza.com
