Main menu

Background

ဥပဒေအရ ပိတ်ပင်ထားတဲ့ ဆန်ကုန်သွယ်မှုလုပ်ငန်းများမှာ နိုင်ငံခြားသားများ ပါဝင်ပတ်သက်နေမှုကို ထိုင်းနိုင်ငံက စစ်ဆေးနေ

Sun, 07/01/2012 - 05:30 -- Anonymous (not verified)

    ထိုင်းဆန်ကုန်သွယ်မှု လုပ်ငန်းတွေမှာ ဥပဒေအရ ပိတ် ပင်တားမြစ်ထားတဲ့တိုင် အာဆီယံနိုင်ငံများမှ ထိုင်းဆန်ကုန် သွယ်မှု လုပ်ငန်းတွေမှာ စတင်ပြီး ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ ယခင်သီတင်းပတ် အစီရင်ခံစာများ ထွက်ပေါ်လာပြီး တဲ့နောက် ထိုင်းအစိုးရဟာ ဆန်ကုမ္ပဏီများနဲ့ လယ်ယာများရဲ့ ပိုင်ဆိုင်မှုတွေကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးနေပြီလို့ စီးပွား ကူးသန်း ဒုတိယဝန်ကြီးမှ ပြောကြားပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်ပလုပ်ငန်းရှင်များ ဥပဒေ (FBA) အရ ဆန်ကုန်သွယ်မှုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းများဟာ နိုင်ငံတော် စားနပ်ရိက္ခာ ဖူ လုံမှုအတွက် အဓိကဖြစ်တာကြောင့် အာဆီယံနိုင်ငံများမှ လုပ်ငန်းရှင်များအပါ အဝင် ပြည်ပနိုင်ငံများမှ ပြည်တွင်း ဆန် စပါး စိုက်ပျိုးမှုနဲ့ ကုန်သွယ်မှုတွေမှာ ပါဝင်လာခြင်းကို ကာ ကွယ်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။     စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန (DBD) နဲ့ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI) တို့မှ အရာရှိများဟာ လယ်ကွင်း များကို ကျဘမ်းကွင်းဆင်းသွားရောက်ခြင်းနဲ့ ပိုင်ဆိုင်မှု စာရွက် စာတမ်းများ စစ်ဆေးခြင်းများ စတင်နေပြီလို့ ဆိုပါ တယ်။ DSI နဲ့ DBD တို့ရဲ့ သေချာစွာစစ်ဆေးချက် တွေအရ ဆန်စပါးစိုက်ပျိုးမှုအပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ တားမြစ် ထားတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ နိုင်ငံခြားသားများ ပေါ် ထွက်လာတယ်လို့ ဆိုပါတယ်။    အစပိုင်းမှာ ယင်းအေဂျင်စီများဟာ ထိုင်းနိုင်ငံအတွင်း လယ်ယာလုပ်ငန်းမှာ ဥပဒေနဲ့ မညီလုပ်ကိုင်နေတဲ့ နိုင်ငံခြား သားတွေကို ရှာဖွေနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အစိုးရက ဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိဘဲ ဆန်စပါးစိုက် ပျိုးခြင်း၊ ကုန်သွယ်ခြင်းတွေမှာ ပါဝင်ပတ်သက်တဲ့လုပ်ငန်းရှင် များကို သေချာပေါက် အတည်ပြုသွားမယ်လို့ ဆိုပါတယ်။     ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ စပါးဝယ်ယူဈေး အမြင့်ဆုံးပေး တဲ့ နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့ရေး အစိုးရ သိုလှောင်ဆန်ထဲမှ ဆန်များရောင်းချဖို့တင်ဒါများကြေညာခဲ့တယ်လို့သိရပါတယ်။လမင်းSource: oryza.com