Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှု ဆက်လက်တိုးတက်

Sun, 07/01/2012 - 05:34 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း မတ်ပဲရောင်းဝယ်မှု ဆက်လက် တိုးတက်နေ ပါတယ်။ အိန္ဒိယမှာ လက်ရှိမိုးရာသီမတ်ပဲစိုက်ပျိုးမှု လျော့ကျနေတဲ့အတွက် မြန်မာ မတ်ပဲများ ဝယ်ယူမှု အားကောင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးခိုင်မာနေခြင်းကလည်း ပို့ကုန်သမားတွေအတွက် ရောင်း ဝယ်မှုကို အားပေးနေပါတယ်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ ၊ SQ စုစုပေါင်း ၂၇၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲရောင်းဝယ်မှု စာရင်းအရ  SQ  ပမာဏမှာ အနည်းငယ်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။    ပြည်တွင်း မတ်ပဲရောင်းဝယ်မှုမှာ တစ်ပတ်အတွင်း ဈေးမြင့်တက်မှုကြီးမားမှု ရှိသလောက် FOB ဈေးမြင့်တက်မှု မများကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများ ပြောင်းလဲမှုကို ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/တန်                            မတ်ပဲအသစ်            မတ်ပဲအဟောင်း                     FAQ             SQ           FAQ            SQ၂၉-၆-၁၂    ၅၂၀-၅၄၀    ၅၇၀-၅၉၀    ၄၉၀-၅၁၀    ၅၁၀-၅၃၀၂၂-၆-၁၂    ၅၀၀-၅၂၀    ၅၅၀-၅၇၀    ၄၈၀-၅၀၀    ၅၁၀-၅၃၀MIRT(MAPT)