Main menu

Background

ပဲစင်းငုံတင်ပို့မှု အားကောင်းပေမဲ့ ယခင်ပတ်ထက်လျော့

Sun, 07/01/2012 - 05:41 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်မှာလည်း ဆက်လက် ကောင်းပေမဲ့ ယခင်တစ်ပတ် တင်ပို့မှုထက်တော့ အနည်းငယ်လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀၀ ကျော်တင်ပို့မှု ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၈-၂၂) အတွင်းမှာ တန်ချိန် ၁၁၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၂၂ ရက်အထိ စုစုပေါင်း ပဲစင်းငုံတန်ချိန် ၉ သောင်းနီးပါး တင်ပို့ခဲ့ပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၅၀ ကျော်ပြီဖြစ်ကြောင်း သိရပါ တယ်။ယခင်နှစ်ကာလတူမှာတန်ချိန် ၄၂၀၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ သန်း ကျော်ရရှိလို့  ယခုနှစ်မှာ ပမာဏထက်ဝက်ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါ တယ်။ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုဆက်လက်ကောင်းဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT