Main menu

Background

အိန္ဒိယအဝယ်သွက်လို့ ရန်ကုန် FOB ပဲစင်းငုံဈေး သိသိသာသာမြင့်တက်

Sun, 07/01/2012 - 05:45 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယ ဝယ်လက် အဝယ်သွက်နေတဲ့ အတွက် ပဲစင်းငုံ အရောင်းသွက် ဈေးမြင့်တက်နေပါ တယ်။ အိန္ဒိယဈေးကွက်မှာ လက်ကျန်ရှားပါးနေပြီဖြစ်ပြီး လက်ရှိပဲစင်းငုံစိုက်ပျိုးမှုက လည်း ယခင်နှစ်ထက် လျော့ကျတဲ့အတွက် အိန္ဒိယမှ ဝယ်လိုအား ကောင်းနေခြင်း ဖြစ်ပါတယ်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။    ပြည်ပက ဝယ်လိုအားကောင်းဆဲဖြစ်ပေမဲ့ ပြည်တွင်းကုန်သည်တွေထဲမှာ ပဲစင်းငုံ လက်ကျန်က ပါးလာပြီဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းဈေးကွက်မှာ တစ်ပတ်အတွင်း တစ်တန် ကျပ် ၂ သောင်း ဝန်းကျင်ခန့် ဈေးမြင့်တက်လာကြောင်း သိရပါတယ်။ ရန်ကုန် FOB  ဈေးလည်း တစ်ပတ်အတွင်း ကန်ဒေါ်လာ ၅၀ ခန့် တိုးလာခဲ့ပါတယ်။                                                                                 ဒေါ်လာ/တန်                      ပဲစင်းငုံအသစ်               ပဲစင်းငုံအဟောင်း                      အနီ         အဖြူ            အနီ           အဖြူ၂၉-၆-၁၂    ၆၅၀-၆၇၀    ၅၅၀-၅၇၀    ၆၀၀-၆၂၀    ၄၈၀-၅၀၀၂၂-၆-၁၂    ၆၀၀-၆၂၀    ၅၁၀-၅၃၀    ၅၆၀-၅၈၀    ၄၄၀-၄၆၀MIRT(MAPT)