အိန္ဒိယမှာ မိုးရွာသွန်းမှုက ပုံမှန်အောက်ရောက်နေတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေပါတယ်။ ဒါ့အပြင် ဥပုသ်လအတွက် ဝယ်လိုအားတိုးနေတာကြောင့် တင်သွင်းဖို့ လိုအပ်နေခြင်းကလည်း ပဲစင်းငုံဈေးကို မြင့်တက်စေ ပါတယ်။ ဈေးကွက် တွေကို ဝင်ရောက်မှု လျော့နည်းလာခြင်း၊ ပဲခွဲစက်များနဲ့ ကုန်သည်များရဲ့ ဝယ်လို အားဆက်ရှိနေခြင်း တို့ကြောင့် ဈေးဆက် လက်မြင့်တက်နေပါတယ်။ မုတ်သုံမိုးနည်း တဲ့အတွက် စိုက်ပျိုးမှုလျော့ကျကာ ဈေးတက် မယ့် အလားအလာရှိနေလို့ တောင် သူတွေက ပဲလက်ကျန်များ ထိန်းထားကြတယ်လို့ သိရပါတယ်။ အင်ဒရာပရာ ဒေ့ရှ်မှာ လက်ရှိအချိန်ထိ ပဲစင်းငုံစိုက်ပျိုးမှုက ယခင်နှစ်ကာလတူထက် ၃၇ ဒသမ ၁၇ ရာခိုင်နှုန်းလျော့ကျပြီး ဟက်တာ ၇၈၀၀၀ သာ ရှိကြောင်း သိရပါတယ်။ ဈေးကွက်တွေ မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၈-၆-၁၂ ၂၇-၆-၁၂ ၂၆-၆-၁၂ ၂၅-၆-၁၂မွန်ဘိုင်း ၆၉၄ ၆၉၉ ၆၉၃ ၇၀၈ဒေလီ ၆၉၄ ၆၉၀ ၆၈၈ ၆၉၄ချန်နိုင်း ၆၉၄ ၆၈၂ ၆၈၀ ၆၈၅MIRT(MAPT)
Background