မုံရွာကုန်စည်ဒိုင် ဇွန်လစတုတ္ထပတ် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်တွေ ပစ္စည်းဖြည့်ဖို့ အဝယ်လိုက်လာတဲ့အတွက် နေ့စဉ်တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ မေ ထဲမှာ တစ်တင်း ၁၄၀၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ရာက ဇွန်လထဲမှာတော့ ပထမပတ် အတွင်းတစ်တင်း ၁၄၁၀၀ ကျပ်၊ဒုတိယပတ် အတွင်းတစ်တင်း ၁၄၇၀၀ ကျပ်၊ တတိယပတ်အတွင်းတစ်တင်း ၁၅၇၀၀ ကျပ်နဲ့ စတုတ္ထပတ်အတွင်းတစ်တင်း ၁၆၈၀၀ ကျပ်ထိ အသီးသီးအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မုံရွာ ဈေးကွက်မှာ ပစ္စည်းလက်ကျန်လျော့လာခြင်းနဲ့ ပခုက္ကူထွက်မုံရွာစက ပစ္စည်းအရည်အသွေး မြင့် မားခြင်းတို့ကြောင့် ယခုလိုတက်ဈေးရခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည်အချို့က ပြော ပါတယ်။ အရောင်းအဝယ်အားဖြင့် မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း အိတ် ၇၀၀၀ မှ ၁၀၀၀၀ ကြားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပဲစင်းငုံနီစီးဆင်းမှုအနေနဲ့ ချင်းတွင်းမြစ်ကြောင်းကောင်းမွန်လာလို့ ဒီလထဲမှာ ရေယာဉ် ၃ စီးနဲ့ အိတ် ၃၀၀၀၀ နီးပါးတင်ပို့ခဲ့ကြတယ်လို့ ရေယာဉ် ကိုယ်စားလှယ်တစ်ဦးကဆိုပါတယ်။ထွန်းလှိုင်
Background