Main menu

Background

လက်ကျန်နည်းလာတဲ့အတွက် ပဲလွန်းဖြူ တင်ပို့မှုရော ရောင်းဝယ်မှုပါ ကျဆင်း

Sun, 07/01/2012 - 06:18 -- Anonymous (not verified)

    ပြည်တွင်းဈေးကွက်မှာ ဝယ်လို အားကောင်းနေတဲ့ ပဲလွန်းဖြူက လက် ကျန် နည်းပါးလာပြီဖြစ်ပါတယ်။ ဒါ ကြောင့်လည်းယခုလပိုင်းတွေမှာ ပဲလွန်း ဖြူ တင်ပို့မှုရော FOB ရောင်းဝယ်မှုပါ ကျဆင်းလာခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၄၂၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ဆွီဒင်နဲ့ ဗီယက်နမ်တို့ဖြစ်ပါ တယ်။ ဇွန် ၂၂ ရက်အထိ ယခုဘဏ္ဍာ နှစ်အတွင်း စုစုပေါင်း ပဲလွန်းဖြူ တန် ချိန် ၁၃၀၀၀ ကျော် တင်ပို့ခြင်းမှ ကန် ဒေါ်လာ ၉ ဒသမ ၈ သန်းကျော်ရရှိ ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် တစ်သောင်းကျော်တင်ပို့ ခြင်း မှ ကန်ဒေါ်လာ ၉ ဒသမ ၅ သန်း ကျော်ရရှိကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ပတ် အတွင်းမှာတန်၁၆၀ကျော်သာအရောင်း အဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် ရောင်းဝယ်ခဲ့တဲ့ တန်ချိန် ၆၉၀ ထက် လျော့ကျရောင်းဝယ်ခဲ့ကြောင်း သိရပါ တယ်။ အခြားပဲဈေးတိုးလာခြင်းနဲ့အတူ ပဲလွန်းဖြူဈေးလည်း တိုးလာခဲ့ရာ ဇွန် ၂၂ ရက်မှာ FAQ တစ်တန် ကန်ဒေါ် လာ ၆၆၀-၆၈၀၊ SQ တစ်တန် ကန် ဒေါ်လာ ၇၉၀-၈၁၀ ရှိရာမှ ဇွန် ၂၉ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀ နဲ့ SQ တစ်တန် ကန်ဒေါ် လာ ၈၁၀-၈၃၀ ကို မြင့်တက်လာခဲ့ပါ တယ်။ MIRT - MAPT