ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ တန် ၃၀၀၀ အောက်မှာ မှန်မှန်သာ တင်ပို့နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် ဇွန် ၁၈ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၂၉၀၀ ကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ပြည်ပဝယ်လက်အနည်းငယ်သာရှိတဲ့အတွက် တင်ပို့မှုမှာလည်း နည်း နေတာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၂ ရက်အထိ စုစုပေါင်း ပဲတီစိမ်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၉၈၀၀၀ နီးပါး ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၇၁ သန်းကျော်ရရှိခဲ့ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ တန်ချိန် ၈၃၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၉၃ သန်းနီးပါးရှိလို့ ယခုနှစ် ကာလတူမှာ ပမာဏအားဖြင့် ပိုမို တင်ပို့နိုင်ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၀ ကျော်လျော့ကျကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပမာဏအနည်းငယ်သာ တင်ပို့ ဖွယ်ရှိပါတယ်။MIRT - MAPT
Background