ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်ဖြစ်မှု လျော့ကျနေ ပါတယ်။ ပြည်တွင်းမှာ လက်ကျန် နည်းလာပြီ ဖြစ်သလို ပြည်ပကလည်း ဝယ်လိုအားနည်းနေပါတယ်။ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ကို တင်ပို့မှုလည်း လျော့ကျလာတဲ့အတွက် အရောင်းအဝယ်လည်း လျော့ကျလာကြောင်း သိရပါတယ်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အတွင်း တန်ချိန် ၂၄၀၀ နီးပါးသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု နည်းပေမဲ့ ရန်ကုန် FOB ဈေးမြင့်တက်လာခဲ့ပါတယ်။ ဇွန်၂၂ ရက်က ပဲတီစိမ်း အညာနဲ့ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ပဲတီရွှေဝါအကြီး တစ်တန်ကို ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိရာမှ ဇွန်လ ၂၉ ရက်မှာ ပဲတီစိမ်းအညာ တစ်တန်ကို ကန်ဒေါ်လာ ၆၉၀-၇၁၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ ကို တိုးလာပြီး ရွှေဝါအကြီးမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background