Main menu

Background

အိန္ဒိယပဲတီစိမ်း စိုက်ဧရိယာလျော့ကျတဲ့အတွက် ဈေးအနည်းငယ်တိုး

Sun, 07/01/2012 - 06:43 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်း လက်ရှိမိုးပဲစိုက်ရာသီမှာ ပဲတီစိမ်းစိုက်ဧရိယာက ယခင် နှစ်ထက် လျော့ကျနေတဲ့အတွက် တင်သွင်း ပဲတီစိမ်းဈေးအနည်းငယ်တိုးလာခဲ့ပါ တယ်။ ဝယ်လိုအား အသင့်အတင့်ရှိပြီး ပဲဝင်ရောက်မှုပုံမှန်ရှိနေတဲ့ အတွက် ပြည် တွင်းထွက် ပဲတီစိမ်းဈေးကတော့ အပြောင်းအလဲနည်းတာ တွေ့ရပါတယ်။ အင်ဒရာ ပရာဒေ့ရှ်မှာလက်ရှိအချိန်ထိ ပဲတီစိမ်းစိုက်ပျိုးမှုက ယခင်နှစ်ကာလတူထက် ၇ ဒသမ ၈၉ ရာခိုင်နှုန်းလျော့ကျပြီး ဟက်တာ ၃၈၀၀၀ စိုက်ပျိုးထားကြောင်း သိရပါတယ်။ ဇွန် ၂၆ ရက်အထိ တစ်ပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို တန်ဇန်းနီးယား ပဲတီစိမ်း ခွဲခြမ်း ကွန်တိန်နာ ၂၉ လုံး၊ ရိုးရိုးပဲတီစိမ်း ၅ လုံး၊ သြစတြေးလျပဲတီစိမ်း ၅၀ လုံး၊ မြန်မာပဲတီစိမ်း ၃ လုံး အသီးသီးဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                              ၂၈-၆-၁၂      ၂၇-၆-၁၂    ၂၆-၆-၁၂    ၂၅-၆-၁၂မွန်ဘိုင်း(ပဲတီရွှေဝါ)         ၈၉၂              ၈၈၃           ၈၈၆       ၈၉၃ချန်နိုင်း(ပဲတီရွှေဝါ)          ၇၃၂၈            ၇၆၉            ၇၇၂       ၇၇၈ဒေလီ                           ၇၅၆              ၇၃၄            ၇၃၇      ၇၀၈MIRT(MAPT)