ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ရောင်းဝယ်မှုရော ပြည်ပတင်ပို့မှုမှာ အနည်းငယ် သာရှိပါတယ်။ ယခင်တစ်ပတ်ကပင်လယ်ရေကြောင်း တင်ပို့မှုတန်ချိန် ၁၅၀၀ ရှိပြီး ယခုတစ်ပတ်မှာ တန်ချိန် တစ်သောင်းကျော်သာ တင်ပို့ နိုင်ကြောင်းတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၂ ရက်ထိ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၃၅၀၀၀ ကျော်ရှိပြီး ရရှိ တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၆ သန်းနီးပါးရရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၅၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၉ သန်းခန့်ရှိလို့ ယခုနှစ် ကာလတူမှာ တင်ပို့မှု ပမာဏရော ဝင်ငွေပါ ပိုမိုရရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ ယခင်တစ်ပတ်က တန် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တန် ၅၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် နည်းသလို ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေပါတယ်။ ဇွန် ၂၉ ရက်မှာ ကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိပါ တယ်။ MIRT - MAPT
Background