Main menu

Background

မုတ်သုံမိုးအပေါ် စိုးရိမ်ခြင်းနဲ့ ဝယ်လိုအားကောင်းမယ့် အလားအလာကြောင့် အိန္ဒိယကုလားပဲဈေးမြင့်

Sun, 07/01/2012 - 07:10 -- Anonymous (not verified)

    မုတ်သုံမိုးက ပျမ်းမျှမိုးရေချိန်အောက်ကိုရောက်ရှိနေခြင်းဟာ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့အတူ ဥပုသ်လပွဲတော်နီးကပ်လာတဲ့ ကာလအတွင်း စားသုံးသူဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်း တို့ကြောင့် ဇွန်လ ၂၇ ရက် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ NCDEX  မှာဇူလိုင် ကုလားပဲ စာချုပ်ဈေးက တစ်တန်ကို သုည ဒသမ ၈၄ ရာခိုင် နှုန်း မြင့်တက်ပြီး၊ ရူပီး ၄၃၁၅၀ (ကန်ဒေါ်လာ ၇၅၆)ဖြစ်ခဲ့ကြောင်း သိရပါတယ်။    ကုန်သည်တွေဆီမှာ လက်ကျန်နည်းလာပြီး၊ မုတ်သုံမိုးရွာသွန်းမှုမရေရာခြင်းက ပဲမျိုးစုံဈေးနှုန်းခိုင်မာစေတယ်လို့ ဘီကနာ အခြေစိုက်ကုန်သည် Ranjeet  Mankharia  မှ ပြောကြားပါတယ်။ ကုလားပဲက ဆောင်းသီးနှံ ဖြစ်ပေမယ့် မုတ်သုံမိုးနဲ့ မိုးသီးနှံ တွေရဲ့ စိုက်ပျိုးမှုက ကုလားပဲဈေးကို သက်ရောက်စေပါတယ်။ ပဲမျိုးစုံဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့ တင်းကျပ်တဲ့ ဆောင်ရွက်မှုများအပေါ် ကုန်သည်များက စိုးရိမ်နေကြပါတယ်။    ဇွန် ၂၀ ရက်အထိ အိန္ဒိယနိုင်ငံရဲ့ မုတ်သုံမိုးက ပျမ်းမျှအောက် ၅ ရာခိုင်နှုန်း ရွာသွန်းခဲ့ပေမယ့် မိုးလေဝသ ဌာနကတော့ ပျမ်းမျှ မိုးရေချိန်ကို ရရှိမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။ ဒေလီ လက်ငင်းဈေးကွက်မှာ ကုလားပဲဈေးက တစ်တန် ရူပီး ၄၃၂၆၀(ကန်ဒေါ်လာ ၇၅၆)နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: Reuters