Main menu

Background

အိန္ဒိယပြည်တွင်းမိုးတွင်းကာလ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ရရှိနိုင်မှု နည်းပါးသည့်အတွက် ပဲမျိုးစုံဝယ်လိုအား မြင့်မားလေ့ရှိ

Sun, 07/01/2012 - 07:11 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေးကွက်အားလုံးနီးပါးမှာ ပဲမျိုးစုံဈေးနှုန်းတွေမြင့်မားနေပါတယ်။ အိန္ဒိယ ပြည်တွင်း မိုးတွင်း ကာလမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ရရှိနိုင်မှု နည်းပါးတဲ့အတွက် ပဲမျိုးစုံဝယ်လိုအားမြင့်မား လေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်မှာ ကုန်ဆုံးမယ့်လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံအထွက်နှုန်းကို ၁၇ ဒသမ ၀၂ သန်းသာရှိမယ် ခန့်မှန်းထားရာ  ယခင်နှစ်ပဲမျိုးစုံထွက်နှုန်း ၁၈ ဒသမ ၄၂ သန်းနဲ့ ယှဉ်ရင် ကျဆင်းလျက်ရှိပါတယ်။ လက်ရှိကာလမှာလည်း ပဲအဓိက စိုက်ပျိုးတဲ့ဒေသတွေမှာ မုတ်သုံအဝင်နောက်ကျပြီး ပဲစိုက်ပျိုးမှုကို နှောင့်နှေးစေခြင်းကလည်း ကုလားပဲအပါအဝင် ပဲမျိုးစုံအားလုံးကိုဈေးမြင့်မားစေပါတယ်။ ပြည်တွင်းပဲမျိုးစုံ အထွက် ကျဆင်းကာ ပြည်ပမှပဲတင်သွင်းမှုကို အားကိုးရာမှာ လည်း ရူပီးတန်ဖိုး ပိုမိုကျဆင်းလာရင် ပဲဈေးမြင့်မားမှုကို ပိုမိုတွန်းအားပေးမှာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ( ဧပြီလမှ မတ်လအထိ) ဘဏ္ဍာနှစ်အတွင်း ပဲလုံးတန်ချိန် ၂၀ ဒသမ ၂၃ သိန်း၊ ကုလားပဲတန်ချိန် ၂ ဒသမ ၀၃ သိန်း၊ မတ်ပဲတန်ချိန် ၄ ဒသမ ၃၂ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ ဒသမ ၂၆ သိန်း၊ ပဲနီလေး တန်ချိန် ၁ ဒသမ  ၁၂ သိန်း တို့ကို တင်သွင်းခဲ့တယ်လို့ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ှSource:economictimes, indiatimes.com, hindubusinessline.com ယပပ