Main menu

Background

ချင်းလှီးသမားတို့ အကြိုက် ချင်းဥမအရောင်းသွက်

Sun, 07/01/2012 - 07:15 -- Anonymous (not verified)

    ချင်း(ဥမ)တွေကတော့ အောင်ပန်းဈေးကွက်မှာ ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၀၀၀ ခန့်အဝင်ရှိနေပါတယ်။ ချင်းထိုးသမားတွေက ချင်း(ဥမ)ကိုပိုပြီးကြိုက်ကြပါတယ်။ဥမကဖောင်းပြီးကြီးတာကြောင့် လှီးရတာလွယ်ကူ တယ်လို့ ဆိုပါတယ်။ ချင်းတက်ကတော့ လှီးရတာ လက်ဝင်တာကြောင့် ဥမပေါ်ချိန် ဆို ဥမကိုသာအဆွဲများပါတယ်။ အရသာကတော့ အတူတူပါပဲ။ အဝင်ပုံမှန်ရှိသလို အရောင်းကလည်းတစ်ပတ်ကို ပိဿာချိန် ၃၀၀၀ - ၄၀၀၀ ခန့်ဖြစ်တယ်လို့ သိရပါ တယ်။ချင်းတက်ကတော့အရောင်းနည်းနည်းအေးနေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းတက်ကြီးက တစ်ပိဿာ ၁၅၀ ကျပ် - ၂၀၀ ကျပ်ဈေး ရှိပြီး၊ ချင်းဥမကတော့ တစ်ပိဿာ ၁၅၀ ကျပ် - ၁၈၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။ ချင်းခြောက်ကတော့ ၈၀၀ ကျပ် ဈေးရှိပါတယ်။     ဟိုပုံးချင်း(ဥမ)တွေကတော့ ဈေးမကောင်းသေးတာကြောင့် လောလောဆယ် မှာတော့ မဖော်ကြသေးပါဘူး။ ချင်းတက်တွေကိုလည်း ပြုတ်ခြောက်အဖြစ်သာ ပြုလုပ်လိုက်တယ်လို့လည်း သိရပါတယ်။ အခြောက်ကတော့ အထားလည်းခံတာ ကြောင့် ဈေးရမှသာ ထုတ်ရောင်းဖို့ ပြုလုပ်ကြတာလို့လည်း ဆိုပါတယ်။ ဟိုပုံးချင်း ခြောက်ကလည်း တစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်