Main menu

Background

မန္တလေးဝယ်လက် အဝယ်ရှိလို့ ဟိုပုံးနနွင်း အရောင်းအဝယ်သွက်

Sun, 07/01/2012 - 07:24 -- Anonymous (not verified)

    မန္တလေးဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် ဟိုပုံးနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးကတစ်ဆင့် မူဆယ်ကို တင်ပို့နေပြီး၊ ဟိုပုံးနနွင်းက ဆင်တောင်နနွင်းထက်ဈေးချိုတာရယ်၊ ကျစ်တာရယ် ကြောင့် ဝယ်ယူမှုပိုများတယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်းကို ၁ လပိုင်းကနေ ၆ လပိုင်းအထိ ၆ လအတွင်း ပိဿာချိန် ၆ သိန်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ၆၅၀ ကျပ်ဈေးရှိပါတယ်။    အောင်ပန်းဈေးကွက်မှာတော့ နနွင်းက ပြည်တွင်းသုံးအတွက်သာ ဈေးပတ်သမားတွေအဝယ်ရှိပါတယ်။ အဝင်ကလည်း သိပ်မရှိပါဘူး။ ဈေးဖိတ်နေ့နဲ့ ဈေးနေ့တွေမှသာ တောင်သူတွေက လက်လီစိတ်လာရောင်းကြပြီး၊ တစ်ရက်ကို အချိန် ၂၀၀ - ၃၀၀ ခန့်သာရှိတယ်လို့ သိရပါတယ်။ နနွင်းပေါက်ဈေးတွေကတော့ နနွင်း(ရိုးရိုး)တစ်ပိဿာ ၄၀၀ ကျပ် - ၅၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်