Main menu

Background

တရုတ်နိုင်ငံတွင်း၏ ကြက်သွန်ဖြူဈေးနှုန်းများ မြင့်မားလာမှုကြောင့် ပြည်ပမှ အဝယ်အော်ဒါများ လျော့ကျသွား

Sun, 07/01/2012 - 07:25 -- Anonymous (not verified)

    တရုတ်နိုင်ငံတွင်းရဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေမြင့်မားလာမှုကြောင့် ပြည်ပမှအဝယ် အော်ဒါတွေ လျော့ကျသွားတယ်လို့ သိရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြက်သွန်ဖြူတင်ပို့မှု မြှင့်တင်နိုင်မယ့် ဦးစားပေးမူဝါဒတွေ ထုတ်ပြန်ပေးနိုင်ဖွယ်ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဇွန် ၂၀ ရက်မှာ ပြောကြားခဲ့တယ်။     ဇွန် ၁၀ ရက်က ကြက်သွန်ဖြူ (fresh garlic) တစ်တန်ကို ၁၆၈၈ ဒေါ်လာအထိ မြင့်မားသွားရာ ယခင်နှစ်ကထက် ၇၅ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လိ့ု တရုတ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)  ရဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့သတင်းမှာဖော်ပြထားတယ်လို့သိရတယ်။ ကြက်သွန်ဖြူဈေးမြင့်ရခြင်း အဓိကအကြောင်းရင်းမှာ ၂၀၁၁ ခုနှစ် အတွင်း ကြက်သွန်ဖြူဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့်ဖြစ်တယ်။ ဒီလို ဈေးနှုန်း ကျဆင်းမှုကြောင့် ကြက်သွန်ဖြူစိုက်ပျိုးဧရိယာကို လျှော့ချခဲ့ခြင်း၊ ရှန်ဒုန်းပြည်နယ်မှာ မိုးရာသီရောက်ရှိလာပြီ ဖြစ်ခြင်းတို့က ဇွန်လအတွင်း ကြက်သွန်ဖြူဈေးနှုန်းကို မြင့်မားလာစေ ခြင်းဖြစ်တယ်။    ပြည်တွင်းကြက်သွန်ဖြူဈေးမြင့်မားနေတဲ့အပြင် တရုတ်ကြက်သွန်ဖြူ ဝယ်ယူနေကျဖောက်သည်နိုင်ငံတွေ မှာ ကြက်သွန်ဖြူ သိုလှောင်ထားမှုများနေခြင်းကြောင့် ယခုဇွန် ၂၀ ရက်အထိ ပြည်ပမှ အဝယ်အော်ဒါရရှိမှုမှာ သုံးပုံတစ်ပုံကျဆင်းသွားတယ်။ ကြက်သွန်ဖြူတင်ပို့မှု ပမာဏကျဆင်းတဲ့အပြင် ရရှိတဲ့အကျိုးအမြတ်လည်း လျော့နည်းသွားကြောင်း ၊ ရှန်ဒုန်းပြည်နယ်မှ ကြက်သွန်ဖြူတစ်တန် တင်ပို့ရင်အမြတ်မှာ ၈၀ယွမ်-၁၀၀ ယွမ်(ဒေါ်လာ ၁၂ ဒသမ ၆ - ၁၅ ဒသမ ၇၅)သာရရှိရာ ယခင်နှစ်က ထက် အမြတ်ရရှိမှု ၅၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ၎င်းသတင်းမှာဖော်ပြထားတယ်။ ရှန်ဒုန်းပြည်နယ်ရဲ့ ကြက်သွန်ဖြူတင် ပို့မှုပမာဏက တစ်နိုင်ငံလုံး ကြက်သွန်ဖြူတင်ပို့မှုပမာဏရဲ့ လေးပုံတစ်ပုံနီးပါးရှိကြောင်း၊ တရုတ်နိုင်ငံမှ ကြက်သွန်ဖြူတင်ပို့မှု အများဆုံးနိုင်ငံတွေမှာ အရှေ့တောင်အာရှဒေသနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေဖြစ်ကြောင်း သိရတယ်။    အဓိကမှာ အင်ဒိုနီးရှားက တရုတ်ကြက်သွန်ဖြူ တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်က နံပါတ် (၂) နေရာကို ယူထားကြောင်း  MOFCOM website သတင်းမှာ ဖော်ပြထားတယ်။                       Source:globaltimes.cn, ပပ