Main menu

Background

ဖိလစ်ပိုင်ကြက်သွန်ဖြူ စိုက်ပျိုးသူများ တင်သွင်းမှုပိတ်ပင်ဖို့ တောင်းဆို

Sun, 07/01/2012 - 07:27 -- Anonymous (not verified)

    ဖိလစ်ပိုင် ကြက်သွန်ဖြူစိုက် တောင်သူများအတွက် လက်ရှိ ဈေးနှုန်းမှ အကျိုးအမြတ်ခံစားခွင့်ရရှိစေဖို့ ယာယီအား ဖြင့် ကြက်သွန်ဖြူတင်သွင်းခွင့် အသစ်များထုတ်ပေးခြင်းကို ရပ်တန့်ဖို့ အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။ ပြည်တွင်း ကြက်သွန်ဖြူ ထုတ်လုပ်မှုဟာ ယခုနှစ်အတွက် နိုင်ငံ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်တာထက် ပိုမိုတယ် လို့ တောင်သူတွေက ဆိုပါတယ်။    နိုင်ငံရဲ့ ကြက်သွန်ဖြူ စုစုပေါင်း ဒီနှစ်အထွက်က တန်ချိန် ၂ သောင်းခန့်ရှိမယ်လို့ စိုက်ပျိုးရေးဝန်ကြီး Proceso  J  Alcala  ကို တောင်သူအုပ်စုက တင်ပြတဲ့စာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအထွက်နှုန်းပမာဏထဲမှာ ကြက်သွန်ဖြူ အသင်းဝင် ထားခြင်းမရှိတဲ့ စိုက်ပျိုးသူတွေရဲ့ ထုတ်လုပ်မှု မပါဝင်ဘူးလို့သိရပါတယ်။ ပြည်ပကတင်သွင်းမှုကို ဆက်လက် ခွင့်ပြုထားမယ် ဆိုရင် ပြည်တွင်းကြက်သွန်ဖြူ စိုက်ပျိုးသူများ ဟာ အသင့်အတင့် ထွက်ရှိမှုကနေ အကျိုးအမြတ်မရရှိမှာကို တောင်သူများအုပ်စုက စိုးရိမ်နေကြပါတယ်။ အစိုးရကို တောင်းဆိုတဲ့စာကို ကြက်သွန်ဖြူ စိုက်ပျိုးသူများအုပ်စု ၆ ခုမှ ပေးပို့ခြင်းဖြစ်ပါကြောင်း သိရပါတယ်။ယမင်းခင်၊Source:gmanetwork.com