Main menu

Background

တရုတ်ဗဟိုဘဏ်က ငွေလဲနှုန်းကို လျှော့ချလိုက်သဖြင့် ယွမ်ငွေတန်ဖိုး ခုနစ်လအတွင်း အနိမ့်ဆုံးတန်ဖိုး ရောက်ရှိလာ

Sun, 07/01/2012 - 09:55 -- Anonymous (not verified)

       အီးယူဒေသကြွေးမြီအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုထိခိုက်ကာ ပြည်ပဝယ်လို အား လျော့ကျမယ်လို့ ခန့်မှန်းနေကြချိန်မှာ တရုတ်ဗဟိုဘဏ်က ယွမ်ငွေလဲလှယ်တဲ့ အညွှန်းနှုန်းကို လျှော့ချလိုက်ရာ တရုတ်ယွမ်ငွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်။တရုတ်ဗဟိုဘဏ် (BOC)  က ၎င်းရဲ့ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ချက် သုည ဒသမ ၃ ရာခိုင်နှုန်း လျှော့ချပေးခဲ့ရာ တစ်ဒေါ်လာကို ၆ ဒသမ ၃၂၃၀ ယွမ်ဖြစ်လာတယ်။ မတ် ၁၂ ရက်နောက်ပိုင်း ရာခိုင်နှုန်းပမာဏ အများဆုံးလျှော့ချလိုက်ခြင်းဖြစ်တယ်။Source:Bloomberg.com,  ပပ