Main menu

Background

အီရတ်၏ ရေနံထုတ်လုပ်မှုသည် နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံးနှုန်းကို ရောက်ရှိ

Sun, 07/01/2012 - 09:56 -- Anonymous (not verified)

အီရတ်ရဲ့ ရေနံထုတ်လုပ်မှုက နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံးနှုန်းကို ရောက်ရှိခဲ့ တယ်လိ့ု သိရတယ်။ အီရတ်နိုင်ငံရှိ ဟာလ်ဖာရာရေနံတွင်းမှ ရေနံထုတ်လုပ်မှုတိုးတက်ခဲ့ရာ အီရတ်ရဲ့ ရေနံအထွက်တိုးခြင်းဖြစ်တယ်။ယခုဇွန်လအတွင်း တစ်ရက်ကို စည်ပေါင်း ၃ ဒသမ ၀၇ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ရာ မေလအတွင်းတစ်ရက် ထုတ်လုပ်တဲ့စည်ပေါင်း ၂ ဒသမ ၉၂ သန်းထက်ပိုမိုတယ်လိ့ု အီရတ်ရဲ့ စွမ်းအင်ရေးရာ ဒုတိယဝန်ကြီးချုပ်က ပြောကြားတယ်။ နိုင်ငံတွင်းရှိ အခြားသော ရေနံတွင်းတွေကိုဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်အပြီး ယခုနှစ် ကုန်ပိုင်းမှာ တစ်ရက်ကို စည်ပေါင်း ၃ ဒသမ ၄ သန်းအထိထုတ်လုပ်နိုင်မယ် ရည်မှန်းထား တဲ့အပြင် လာမယ့်နှစ်နှစ်အတွင်း တစ်ရက်ကို စည်ပေါင်း ၄ သန်း အထိ ထုတ်လုပ်နိုင်မယ် မျှော်မှန်းကြောင်း အီရတ်နိုင်ငံပိုင် Missan Oil Co.,  မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ တယ်။                                                 Source:Bloomberg,   ပပ