Main menu

Background

ဒေါ်လာဈေး အတက်ကြမ်းနေသော်လည်း မြန်မာ့ရွှေဈေး အနည်းငယ်သာမြင့်တက်ခဲ့

Sun, 07/01/2012 - 10:10 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် အတက် ကြမ်းလျက်ရှိသော်လည်း မြန်မာ့ရွှေဈေး မှာ မျှော်မှန်း သလောက်တက်လာခဲ့ခြင်း မရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက  အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၁၆၀၀၀  ရှိခဲ့ သော်လည်း  ယခုတစ်ပတ်တွင် ကျပ် ၇၁၇၅၀၀ ဖြင့် ဈေးဖွင့်ခဲ့သည်။ဇွန် ၂၇ရက်တွင် ကျပ် ၇၂၉၀၀၀ သို့မြင့်တက်ခဲ့သော်လည်း ဇွန်  ၂၉ ရက် တွင် ကျပ် ၇၂၄၀၀၀ သို့ ပြန်လည်ကျ ဆင်းလာခဲ့သည်။ ထိုကဲ့သို့  မြန်မာ့ရွှေဈေးကျဆင်းရ ခြင်းအကြောင်းမှာ ကမ္ဘာ့ရွှေဈေးသည် ယခင်နေ့များကထက် ကျဆင်း လာခြင်း ကြောင့်ဖြစ်ရကြောင်း ရွှေကုန်သည်တစ် ဦးက ပြောသည်။"ဒီတစ်ပတ်မှာ  ဒေါ်လာဈေးက တက်လာတော့ ရွှေဈေးလည်း တက် လာလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေ မယ့် ကမ္ဘာ့ရွှေဈေးက မထင်မှတ်ဘဲ ကျဆင်းခဲ့တော့ မြန်မာ့ရွှေဈေးကလည်း တက်တော့တက်တယ်။ အတက်အကျ နည်းနည်းတော့ဖြစ်တယ်။ တက်လိုက် ကျလိုက်ပဲ။ အရင်တုန်းကဆိုရင် ဒေါ် လာဈေးတက်တာနဲ့ ရွှေဈေးက လိုက် တက်တော့တာ။ အခုကတော့ ကမ္ဘာ့ ဈေးက ကျနေတော့ မြန်မာ့ရွှေဈေး ကလည်း အကျကြီးမဟုတ်ပေမယ့် ကျ တယ်လို့ ဆိုရမှာပါ။ ဥရောပမှာ ရွှေတွေ ကိုထုတ် ရောင်းတော့ ကမ္ဘာ့ရွှေဈေးက ကျတော့တာပဲ။ ဒါဟာလည်း မြန်မာ့ ရွှေဈေး သိပ်မတက်ရတဲ့ အကြောင်း တစ်ခုပဲ''ဟု ပြောသည်။   မယ်သီတာ