သြဂဲနစ်နဲ့ ကွန်ပေါင်းမြေသြဇာများသာဝင်ခဲ့

သြဂဲနစ်နဲ့ ကွန်ပေါင်းမြေသြဇာများသာဝင်ခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန် ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း မြေသြဇာ ၄၈၂ ဒသမ ၅၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်သောင်းရှစ်ထောင်ကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ် မှာတော့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန်ချိန် ၂၃၆ ဒသမ ၅ နဲ့ ဗီယက်နမ် နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၂၄၆ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်တင် သွင်းမှုက တန်ချိန်တစ်ထောင့်တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာ တန်ချိန် ခုနစ်ရာကျော်လျော့နည်းပြီး ဝင်ခဲ့တာတွေ့ရပါတယ်။   MIRT(DOT)နယ်စပ် ဓာတ်မြေသြဇာ သွင်းအားကောင်းဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၉၀၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၄၀၉၆ တန်ခန့် အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် တန်ချိန် ၂၉၀၀ ကျော် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ မိုးရာသီ စိုက်ပျိုးရာသီချိန် ရောက်ရှိပြီဖြစ်တဲ့အတွက် စိုက်ပျိုးရေး သွင်းအားစု ဓာတ်မြေသြဇာများ အသွင်းပိုနေတာဖြစ်ပါတယ်။ လယ်ယာကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဓာတ်မြေ သြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးကိရိယာများ၊ လယ်ယာသုံး စက်ပစ္စည်းများ တင်သွင်းထုတ်လုပ်ရောင်းချမှုအပေါ်ကျသင့်မည့် ကုန်သွယ် လုပ်ငန်းခွန်ကို ၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိကာလအတွင်းမှာ ကင်းလွတ် ခွင့် ပြုပြီဖြစ်တာကြောင့် ရှေ့ကာလများမှာ သွင်းအားစုတွေ ပိုမိုတင်သွင်းလာဖွယ်ရှိပါ တယ်။မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ တီစူပါဖော့ စဖိတ်၊ နိုက်တြိတ်ပို တက်ရှ်၊ ကွန်ပေါင်း ၁၃းရး၅ တို့ ဖြစ်ပါတယ်။                                MIRT(DOBT)အတက်အကျမရှိ ပုံမှန်လေးပဲရှိနေတဲ့ ဓာတ်မြေသြဇာဈေးမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက မိုးကလည်း များလာတာကြောင့် ယခင်တစ်ပတ်ထက်ပိုပြီး ရောင်းအားကျလာကာ အရောင်းအေးလာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဈေးကလည်း အကျဘက် မှာရှိနေခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ မြေသြဇာဈေးတွေက တီစူပါ ၁၆% သာ ယခင်ဈေးအတိုင်းရှိနေခဲ့ပြီး ကျန်မြေသြဇာဈေးက တစ်အိတ်ကို ငါးရာဝန်းကျင် ဈေးကျလာပါတယ်။ ဒီတစ်ပတ် မြေသြဇာရောင်းဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ ရွှေတောင်)က ၂၃၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်)က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၅၀၀ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၃၅၀၀ ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ် ဈေးတို့ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ်လို့ မြေ သြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအေးနေတာ နှစ်ပတ်ကျော်ပြီ၊ မိုးများလာတာကြောင့် အရောင်းကပိုပြီး အေးလာတယ်လို့ ဆိုပါ တယ်။ အရောင်းအေးလာပေမဲ့ ဈေးကမကျဘဲ ယခင်ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်)က ၂၁၀၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) က ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ၉၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၆၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်နဲ့ မြားကမ္ဘာ ၁၅၀၀၀ ကျပ်ဈေးတို့ နဲ့ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မန္တလေး ဈေးကွက်မှာ ယူရီးယားမြေသြဇာက တစ်ရာ၊ နှစ်ရာကျပ်ဈေးမြင့်ပြီး တီစူပါနဲ့ ကွန်ပေါင်းက တစ်ရာကျပ်ဈေးကျကာ အာမို ၁၅ ပတ်လည်က ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၆၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၁၂၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၂၀၃၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၇၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်)က ၈၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅(တရုတ်) ၃၇၅၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၃၇၀၀ ကျပ်ဈေးနှုန်းတွေဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ ဆိုပါ တယ်။ ဈေးကွက်ထဲဒီလိုပုံမှန်အရောင်း အဝယ်ဖြစ် သလို ဈေးကလည်း ပုံမှန်ပဲရှိနေ တယ်လို့ သိရပါတယ်။ ယူရီးယား(ပန်းဖူး) ၂၂၅၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ကျပ်နဲ့ ယူရီးယား(ကမ္ဘာလုံး- တရုတ်) ၂၁၅၀၀ ကျပ်နဲ့ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ပုံမှန် ရှိပေမဲ့ မြားကမ္ဘာ-တရုတ် နှစ်ရာကျပ် ဈေး ကျလာပြီး ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ငါးရာကျပ် ဈေးကျလာပါတယ်။ ကျန်မြေသြဇာက ယခင်ဈေးအတိုင်းအရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မကွေးဈေး ကွက် မြေသြဇာဈေးေ တွက မြားကမ္ဘာ-တရုတ် ၁၅၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၈၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်- တရုတ်) ၂၂၀၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၂၀၀၀ ကျပ်၊ တောင်သူမက ၁၅၅၀၀ ကျပ်၊ ပိုတက် ၂၃၅၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်ဈေးတွေနဲ့ အရောင်း အဝယ်ရှိနေတယ်လို့ သိရပါတယ်။                          MIRT(DOT)