ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကို ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ဆင် တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၁၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၆၃၄၇၊ စုစု ပေါင်းတန်ချိန် ၆၅၆၇ ဒသမ ၈၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း ခုနစ် သောင်းကျော်ဖိုးကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် ကိုးသောင်းကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တော်တော်လေးအဝင်နည်းခဲ့တာတွေ့ ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုပုံမှန်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း မှာ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၀၇၇ တန်ကျော်ကို အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် ၂၆ တန်ခန့်သာ ပိုမိုခဲ့တဲ့အတွက် ဘိလပ်မြေတင်သွင်းမှုပုံမှန်ရှိနေတယ်လို့ ဆိုရပါမယ်။ MIRT(DOBT) ဈေးပုံမှန်လေးနဲ့ ဈေးကွက်အတွင်းရှိနေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးလာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်က ပြီးခဲ့တဲ့တစ်ပတ် ထက် မိုးပိုများလာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း နားနေခဲ့ရပါ တယ်။ ဒါကြောင့် ဘိလပ်မြေအရောင်းကလည်း ယခင်တစ်ပတ်ထက်ပိုပြီး အရောင်း အေးလာတယ်လို့ ပြောပါတယ်။ အရောင်းအေးလာပေမဲ့ ဘိလပ်မြေဈေးကတော့ ငြိမ်နေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက မြင်းခေါင်း(ဘိလပ်မြေ) တစ်အိတ်ကို ၃၆၀၀ ကျပ်၊ ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) က ၄၆၀၀ ကျပ်နဲ့ စိန်(ထိုင်း) က တစ်အိတ်ကို ၄၆၅၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ် မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဆောက်လုပ် ရေးလုပ်ငန်း များလည်း ပုံမှန်ရှိတာကြောင့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာတော့ ဆင်(ယိုးဒယား)၊ စိန်(ထိုင်း)နဲ့ မြင်းခေါင်းဘိလပ်မြေများက ယခင်တစ်ပတ် ဈေးအတိုင်း ငြိမ်နေပေမဲ့ အေသုံးလုံး၊ မြန်မာဆင်နဲ့ ကျားခေါင်းဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးထက် တစ်ရာကျပ် ဈေးကျလာပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၄၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၇၀၀ကျပ်၊ စိန်(ထိုင်း) ၆၆၀၀ကျပ်၊ ကျားခေါင်း ၅၄၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေတယ်လို့ ဘိလပ် မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ စိန်(ထိုင်း) နဲ့ မြန်မာဆင် က ဈေးကွက်ထဲမှာ ပစ္စည်းပြတ်နေတယ်လု့ိ သိရပါတယ်။ အရောင်းအေးတာနဲ့အမျှ ဈေးကလည်း ငြိမ်နေတယ်။ ဈေးကအကျဘက်မှာတော့ မရှိဘူးလို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) ၇၂၀၀ ကျပ်၊ ခြင်္သေ့ ၅၀၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေ ၄၈၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ နဂါးဘိလပ်မြေ ၅၈၀၀ ကျပ်ဈေးတို့နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်ပဲရှိနေတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဘိလပ်မြေဈေးတွေက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေက တစ်အိတ်ကို ၄၇၀၀ ကျပ်ဈေးတို့ဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးလာတယ်လို့ အရောင်းဆိုင် မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ်ထက်ပိုပြီး အရောင်းအေးလာတယ်လို့ သိရပါတယ်။ အရောင်းအေးလာတာနဲ့အမျှ ဘိလပ်မြေ ဈေးက ဆင်(ထိုင်း)နဲ့ စိန်(ထိုင်း)က တစ်အိတ်ကို နှစ်ရာ ကျပ်ဈေးကျလပြီး၊ ကြံ့ (မြိုင်ကလေး)က သုံးရာကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဘိလပ် မြေဈေးက ဆင်(ထိုင်း) ၅၃၀၀ ကျပ်၊ စိန်(ထိုင်း) ၅၁၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၅၀၀ ကျပ်ဈေးတို့ဖြစ်ကြောင်း သိရပါတယ်။ MIRT(DOT)
Background