Main menu

Background

တရုတ်ပဲပုပ်တင်သွင်းမှု မြင့်တက်နေဦးမယ်လို့ Oil World မှဆို

Sun, 07/01/2012 - 10:19 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့  ဆီထွက်သီးနှံ ဝယ်လိုအား ဆက်လက်ကြီးထွားနေ တာကြောင့် တစ်နှစ်ကို လိုအပ်ချက် တန်ချိန် ၅ ဒသမ ၆ သန်းမြင့်တက် လျက်ရှိလို့ ၂၀၁၁ အောက်တိုဘာလမှ ၂၀၁၂ စက်တင်ဘာလအတွင်း ပဲပုပ် တန်ချိန် ၅၇ ဒသမ ၉ သန်း တင်သွင်း ရဖွယ်ရှိတယ်လို့ ဇွန်လ ၂၆ ရက်မှာ ဟမ်းဘတ်အခြေစိုက် Oil  World   ဆီ ထွက်သီးနှံ သုတေသန လုပ်ငန်းရှင်များ က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ မေမှာ Oil  World   ရဲ့ အစော ပိုင်း တင်သွင်းမှု ခန့်မှန်းထားခြင်းထက် တန်ချိန် ၁ သန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။    လွန်ခဲ့တဲ့ ၂ လအတွင်း တရုတ် နိုင်ငံရဲ့ ဝယ်ယူမှုနဲ့ သင်္ဘောတင်က မျှော်မှန်းထားတာထက် ပိုမိုတာကြောင့် တရုတ်နိုင်ငံရဲ့ ဆီထွက်သီးနှံ တင်သွင်း မှုနဲ့ ကြိတ်ခွဲမှု ခန့်မှန်းချက် ယခုလို မြှင့် တင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၂ မေ ပဲပုပ်တင် သွင်းမှုဟာ ယခင်နှစ်ထက် ၁၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၅ ဒသမ ၂ သန်းရှိခဲ့ပါတယ်။ ယခုနှစ် ဧပြီမှ စက်တင်ဘာ ပဲပုပ်တင်သွင်းမှု ဟာ တန်ချိန် ၂၉ ဒသမ ၇၁ သန်းထိ ရှိနိုင်လို့ ၂၀၁၁ ကာလတူ တင်သွင်းခဲ့တဲ့ တန်ချိန် ၂၆ ဒသမ ၇၄ သန်းထက်ပိုမို မယ်လို့  Oil  World   မှ ယခုခန့်မှန်း ထား ပါတယ်။    မကြာသေးခင် သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံဟာ ဆီထွက် သီးနှံ ဝယ်ယူမှု သွက်လက်လာခဲ့တယ်လို့  ဆိုပါတယ်။ အကြောင်းရင်းမှာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းပဲပုပ် အထွက်လျော့ ကျမှုကို ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ဝယ်လိုအားဆက်လက်ရှိနေတာ ကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်ကြိတ်ခွဲမှု လုပ်ငန်းအတွက် ရောင်းချမှုမြှင့်တင် ရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် အမေရိကန် ပဲပုပ်ထွက်ရှိချိန်မှာ ရာသီ ဥတုကြောင့် သီးနှံအထွက်လျော့ကျ နိုင်တဲ့ အတွက်လည်း တရုတ်နိုင်ငံက ပဲပုပ် လုံလုံလောက်လောက် သိုလှောင် လိုတဲ့ ဆန္ဒရှိနေပါတယ်။    ပြည်တွင်းထုတ်လုပ်မှု မဖူလုံခြင်း က တရုတ်နိုင်ငံအတွက် ဆီထွက်သီးနှံနဲ့ အသီးအရွက်ဆီ တင်သွင်း လိုအပ်ချက် ကို မြင့်တက်စေပါတယ်။ တရုတ်နိုင်ငံ ဟာ ၂၀၁၁-၁၂ ရာသီမှာ ပဲပုပ်ဆီတန် ချိန် ၁၁ ဒသမ ၂၈ သန်း စားသုံးဖွယ် ရှိလို့ ၂၀၁၀-၁၁ စားသုံးမှု တန်ချိန် ၁၀ ဒသမ ၈၈ သန်းထက်မြင့်တက်မယ်လို့ Oil  World  မှ ခန့်မှန်းထားပါတယ်။  ၂၀၁၁-၁၂ ပဲပုပ်ဆီထုတ်လုပ်မှုက ၂၀၁၀-၁၁ ထုတ်လုပ်မှု တန်ချိန် ၉ ဒသမ ၄၉ သန်းထက် မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၁၀ သန်းအထိ ရှိတဲ့တိုင် စားသုံးမှုပမာဏရဲ့ အောက် မှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ယမင်းခင်Source: Business  Recorder