နှမ်းပြည်ပတင်ပို့မှုမှာ ပမာဏနည်းပေမဲ့ ပုံမှန်တင်ပို့မှုတော့ ရှိနေပါသေးတယ်။ ယခုတစ်ပတ်မှာလည်း တန် ၅၆၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ကူဝိတ်တို့ကိုဖြစ်ပါတယ်။ နှမ်းအသစ်မထွက်မီ လက်ကျန် နှမ်းများ တင်ပို့နေရတာဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း ပမာဏအနည်းငယ် သာ တင်ပို့နိုင်ဖွယ်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၂၂ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၁၀၀၀ နီးပါးရှိပြီး ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းခန့် ရှိလို့ယခင်နှစ်ကာလတူတင်ပို့နှုန်း တန်ချိန် ၅၅၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ် လာ ၉ သန်းနီးပါးထက် ပမာဏရော ဝင်ငွေပါပိုမိုတာ တွေ့ရပါတယ်။MIRT - MAPT
Background