Main menu

Background

အီးယူခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲနီးကပ်လာလို့ စားအုန်းဆီဈေးကျဆင်း အမေရိကန် ရာသီဥတုအရ ဈေးနှုန်းပြန်လည်မြင့်တက်နိုင်

Sun, 07/01/2012 - 10:22 -- Anonymous (not verified)

    ယခုသီတင်းပတ်နှောင်းပိုင်းမှာ အီးယူခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲက ဒေသတွင်းအကြွေးအကျပ် အတည်း လျော့ပါးအောင်ဖြေရှင်းနိုင်ဖွယ်မရှိခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုဖြစ်ကာ မလေးရှား စားအုန်း ဆီကြမ်းကြိုပွို င့်ဈေး၊ ဇွန်လ ၂၇ ရက်မှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရာသီဥတု ပူပြင်းခြောက်ေ သွ့မှုက ပဲပုပ်အထွက်ကို ကျဆင်းစေပြီး ဆီထွက်သီးနှံရောင်းချမှု လျော့နည်းဖွယ်ရှိခြင်းဟာ စားအုန်းဆီဈေး ကို မြှင့်တင်နိုင်တဲ့အတွက် လက်ရှိ စားအုန်းဆီေ ဈးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။  ဈေးကွက်မှာ စားအုန်းဆီတစ်တန်ရင်းဂစ် ၃၀၀၀-၃၀၅၀ (ကန်ဒေါ်လာ ၉၃၉-၉၈၆ ) အတွင်း ရှိနေတယ်လို့ ကုန်သည် တစ်ဦးကဆိုပါတယ်။ ရာသီဥတုအခြေအနေက ကာလတို အတွင်း စားအုန်းဆီေ ဈးကွက်ကို ကြီးမားစွာလွှမ်းမိုးနေ ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိစိုက်ပျိုးရာသီအတွင်း ရာသီဥတုခြောက်ေ သွ့ခြင်းက စားအုန်းဆီဈေးကို အထောက်အပံ့ပြုနေပါတယ်။    ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စက်တင်ဘာအခြေခံစံနှုန်း စားအုန်းဆီ ကြိုပွိုင့်ဈေးက သုည ဒသမ ၂ ရာခိုင်နှုန်းဈေးလျှော့ကျပြီး တစ်တန်ရင်းဂစ် ၃၀၂၅ (ကန်ဒေါ်လာ ၉၄၈) ဈေးရှိပါတယ်။ ယခုလ ပထမ ၂၅ ရက်အတွင်း မလေးရှား စားအုန်းဆီ တင်ပို့မှု တိုးတက်လျက်ရှိနေပါတယ်။ ဇူလိုင်လကုန်အထိ မူဆလင် ပွဲတော်လ နီးကပ်လာပြီဖြစ်လို့ ဝယ်ယူမှုက ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များ မျှော်လင့်နေကြပါတယ်။      အမေရိကန်မှာ မိုးခေါင်ခြင်းကြောင့် ဆီထွက်သီးနှံရောင်းချမှု ထပ်မံကျဆင်း ကာ ပဲပုပ်ဆီရောင်းချမှု နည်းလာတဲ့အတွက် စားအုန်းဆီဈေးနဲ့ ပဲပုပ်ဆီဈေးအကြား ကွာဟမှုက ပိုမိုလာတယ်လို့သိရပါတယ်။ ကုန်သည်များ က ပဲပုပ်အတွက် အမေရိ ကန်စိုက်ဧက အစီရင်ခံစာကိုလည်း စောင့်ကြည့်နေကြတယ်လို့ဆိုပါတယ်။  အခြား အသီးအရွက်ဈေးကွက်မှာ ဇူလိုင်ပို့ရမယ့် အမေရိကန်ပဲပုပ်ဆီဈေးက သုညဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေလီယံ ကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီ ပဲပုပ်ဆီ စာချုပ်ဈေးမှာ သုည ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ယုဇနSource: Reuters