စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၂၆၀၀၀ ၄၄၉၀၀၀ ၂ မုံရွာ ၁ ပိဿာ ၆၃၅ ၇၂၅ ၃ ပြည် ၁ ပိဿာ ၆၂၅ ၇၀၀ ၄ ဟင်္သာတ ၁ ပိဿာ ၆၅၀ ၇၀၀ ၅ မန္တလေး ၁ ပိဿာ ၆၁၇ ၇၅၀ မတ်ပဲအရောင်းအဝယ်သွက်လို့ ဈေးမြင့်လာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဝယ်အားကောင်းနေတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၄၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၁၀၀၀ ကျပ်အတွင်း တန် ၁၀၁၂၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲကို အိတ်စပို့အဆွဲသွက်သလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမှာ အရောင်းများတာကြောင့် အ ရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် ပိုများလာ တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်တွေသာမက ရန်ကုန်အဆွဲပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲ ကဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ် အားပါပိုများလာတာကြောင့် တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ကျော်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဟင်္သာ တဈေးကွက်မှာ မတ်ပဲကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ် လက်က ဒီတစ်ပတ်မှာ အမြင့်ဈေးနဲ့ ဝယ်ယူနေပေမယ့် ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားတာကြောင့် အ ရောင်းအဝယ်ဖြစ်မှုပမာဏနည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background