စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၃၉၀ ၄၀၅ ၂ လားရှိုး ၁ ပိဿာ ၄၄၀ ၄၅၀ ၃ မူဆယ် ၁ တန် ၃၁၂၇၈၁ ၃၂၉၉၁၉ ၄ မန္တလေး ၁ ပိဿာ ၄၄၄ ၄၅၄ ပြောင်းဈေးဆက်လက်မြင့်ပြီး အရောင်းအဝယ်ဖြစ် တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးနဲ့ ဒေသ တွင်းအစာစပ်သမားများက ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက်ကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၀၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကိုတရုတ်အဆွဲ သွက်နေသလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမှာအရောင်း များခဲ့တယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက အမြင့် ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပေမယ့် လှောင်လက်တွေထံမှာ ပစ္စည်း လက်ကျန်တော်တော်နည်းသွားပြီလို့ ဒေသခံကုန်သည်များက ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၅၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၅၄ ကျပ်ဈေး နဲ့တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ် လို့မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background