မန်းဈေးကွက်မှာ ဈေးကောင်းလည်းရ ရောင်းပန်းလှတဲ့ အင်းသီး

      မန္တလေးမြို့ သီရိမာလာဈေးကြီးကို ဂေါ်ဖီ၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီး၊ ခရမ်း ချဉ်သီးတွေဟာ  အရင်အပတ်ထက် အဝင်ပိုခဲ့ပြီး မုန်လာဥ၊ ဘိုစားပဲသီး၊ ခါကြက်ဥတွေကတော့ အဝင်နည်းခဲ့ပါ တယ်။ မုန်လာဥ၊ ဂေါ်ဖီတွေဟာ အရင် အပတ်ထက် ဈေးအနည်းငယ်ကျပြီး၊ ပန်းမုန်လာနဲ့ ခရမ်းချဉ်သီးတွေကတော့  ဈေးကောင်းနေတယ်လို့ သိရပါတယ်။ခရမ်းချဉ်သီးဆိုရင် အင်းသီးတွေ အဓိက ဝင်ပါတယ်။   ပြင်ဦးလွင်၊ ကျောက်မဲ၊ နောင်ချိုဘက်က လက် ကျန် တိုင်ထောင်သီး အနည်းငယ်ဝင် ပါတယ်။ သိသိသာသာ ဈေးကောင်း သွားတာကတော့ ခရမ်းချဉ်သီးပဲ ဖြစ်ပါ တယ်။ ၄ လပိုင်းလောက်က မန္တလေး အနီးဒေသတွေကလည်း ထွက်တယ်။ ကိုယ့်ဒေသထွက်ကုန် သုံးစွဲတာကြောင့် အခြားဒေသထွက် ဈေးကျခဲ့တယ်။ ဈေးကြီးမှာလည်း ခရမ်းချဉ်သီးတွေပုံနေ တာကြောင့် အင်းထဲက  ခရမ်းချဉ်သီး စိုက်တောင်သူတွေက  ပြန်မစိုက်လို့ ခရမ်းချဉ်သီးစိုက်သူ နည်းသွားတာရယ်။ မန္တလေးမှတစ်ဆင့် မြစ်ကြီးနား၊ မိတ္ထီ လာ၊ ကျောက်ဆည်၊  မုံရွာဘက်ကို လည်း တင်ပို့ရတာကြောင့် ဈေးမြင့်သွား တာလို့ သိရပါတယ်။ အရင်က ကိုယ့် ဒေသထွက် ကိုယ်သုံးစွဲကြပြီး ယခုအခါ ထိုဒေသများက  မထွက်တာကြောင့်  တစ်ဆင့်ပြန်ပို့ရတယ်။ မြစ်ကြီးနားကို တော့ ကြာရှည်ခံ အင်းသီးအစိမ်း တင်ပို့ တယ်။ အစိမ်းသီး ၁ တာ ၁၈၀၀၀ကျပ်၊ မိတ္ထီလာနဲ့ အခြား နယ်တွေကိုတော့ ၁ တာ ၁၅၀၀၀ ကျပ်၊ ၁၄၀၀၀ ကျပ်၊ မန္တလေးမြို့ပေါ်ကတော့ ၁၁၀၀၀ ကျပ်၊ ဈေးတွေနဲ့ ရောင်းချရတယ်။ ဈေးကြီးရဲ့ ဟင်းသီးဟင်းရွက်ဈေးတွေက မုန်လာ ဥ ၅ စီး တစ်တွဲ ၃၀၀ ကျပ်၊ ဂေါ်ဖီတစ် ထုပ် ၂၀၀ ကျပ် - ၂၅၀ကျပ်၊ မုန်ညှင်း တစ်ပိဿာ ၃၀၀ ကျပ်၊ ထိုင်ဝမ် မုန် ညှင်း ၈၀၀ ကျပ်၊ ဘိုစားပဲသီး တစ်ပိ ဿာ ၆၀၀ ကျပ် - ၆၅၀ ကျပ်၊ ရွှေပဲသီး တစ်ပိဿာ ပြင်ဦး လွင်က ၂၀၀၀ ကျပ်၊ အောင်ပန်းသီး ၂၄၀၀ ကျပ်၊ ဂေါ်ရခါး သီး တစ်လုံး ၅၀ ကျပ်- ၆၀ ကျပ်၊ ခါကြက်ဥ တစ်ပိဿာ ၈၀၀ ကျပ်၊ အကြီးစ ၁၂၀၀ ကျပ်ဈေး တွေရှိတယ် လို့  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။         အေးအေးတင့်