Main menu

Background

မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းများအလိုက် တွေ့ဆုံ

Mon, 07/02/2012 - 05:55 -- Anonymous (not verified)

       ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီးပွားရေးအကြံပေး Mrs Benjawan Ratanaprayul  ဦး ဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူ များနဲ့ ထိုင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီ များမှ လုပ်ငန်းရှင်များပါဝင်သော ထိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းများအလိုက်တွေ့ဆုံပွဲကို ဇွန်လ ၂၉ ရက်  နံနက် ၁၀ နာရီက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI  ပထမထပ် ခန်းမမှာ ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။ဖွင့်ပွဲအခမ်းအနားတွင် RUMFCCI  ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ကြိုဆို နှုတ်ခွန်းဆက်စကားကို လည်းကောင်း၊ ထိုင်းကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr Rienchai Likitplug က  မိတ်ဆက်စကားကို လည်းကောင်း၊  မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးမှ သံမှူးကြီး Mr Kallayana Vipattipumiprates  မှ အဖွင့်အမှာ စကားကိုလည်းကောင်း  အသီး သီး မြွက်ကြားခဲ့ပါတယ်။    ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ ဟာ စားသောက်ကုန်လုပ်ငန်း၊ Herbal ပစ္စည်းအမျိုးမျိုး၊ လယ်ယာ စိုက် ပျိုးရေး ထွက်ကုန်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကြွေထည်မြေထည် ပစ္စည်းအမျိုးမျိုး၊  သစ်ပရိဘောဂနဲ့ သစ် အချောထည်လုပ်ငန်း၊ ပလတ်စတစ် ပရိဘောဂပစ္စည်းများ၊ ဆန်စပါးလုပ်ငန်း၊ ကျောက်မျက် ရတနာလုပ်ငန်း၊ အဝတ် အထည်များ၊စက်ဘီးနှင့် မော်တော်ဆိုင် ကယ်ပစ္စည်းများ၊ သယ်ယူပို့ဆောင်မှုနှင့် အကောက်ခွန်  ရှင်းလင်းရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတို့မှ  လုပ်ငန်းရှင် များ လိုက်ပါလာကြပြီး အကျိုးတူ ပူး ပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေး နွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။     မြန်မာစီးပွားရေးလုပ်ငန်းရှင် ၆၀ ခန့်နဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၅၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိ ပါတယ်။    ထိုင်း စီးပွားရေးလုပ်ငန်းရှင် အဖွဲ့ ဟာ ဇွန် ၂၇ ရက်မှ ၃၀ ရက် အတွင်း မော်လမြိုင်၊ ရန်ကုန်နဲ့ မန္တလေးမြို့မှာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲ ကိုကျင်းပခဲ့တာဖြစ်ပါတယ်။MIRT (DOBT)