Main menu

Background

မြိတ်မှာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ ပြုလုပ်

Mon, 07/02/2012 - 05:57 -- Anonymous (not verified)

    ဇွန် ၂၃ ရက် ၀၉း၀၀ ချိန်တွင် မြိတ်မြို့ မြစည်းစိမ် ဟိုတယ်ခန်းမဆောင်၌ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ ကို  ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။    ထိုင်းနိုင်ငံ  စူရာထာနီမှ ပို့ကုန်မြှင့်တင်ရေးဒေသရုံးမှ ညွှန်ကြားရေးမှူး Mrs. Faweephan Changyencham မှ ဦးဆောင်တဲ့ ၁၅ ဦးပါ ထိုင်းကိုယ်စားလှယ်အဖွဲ့မှာ စားအုန်း ဆီ၊ ရော်ဘာ၊ ဟိုတယ်လုပ်ငန်း၊ Spa လုပ်ငန်း၊ ဆိပ်ကမ်း၊ သိုလှောင် ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ဒူးရင်းသီးနှင့် ငှက်ပျောခြောက်လုပ်ငန်း၊ သုံးဘီးဆိုင်ကယ် အပိုပစ္စည်းရောင်း ဝယ်သူများ ပါဝင်တယ် လို့သိရပါတယ်။    မြန်မာဘက်မှစီးပွားရေးလုပ်ငန်းရှင် (၃၀) ကျော်ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြိတ် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံညွှန်ကြား ရေးမှူး ဦးကျော်ဒွန်း၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူးတို့ ဦးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။    ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှ ဆင်ခွန်းနယ်စပ် ကုန်သွယ်ရေး ဖွင့်လှစ်ပေးစေလိုသော ဆန္ဒရှိကြောင်းနဲ့ ထိုင်း ဖက်မှအဆင့်သင့်ရှိနေပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး အောင်မြင်စေရန် မြန်မာဖက်ခြမ်းဆင်ခွန်းဂိတ်မှ မြိတ်အထိ ရာသီမရွေး အချိန်တိုအတွင်း  သွားလာနိုင်တဲ့ ကားလမ်း အဆင့်ကို အမြန်ဆုံးပြင်ဆင်ပေးလိုကြောင်း၊ မြိတ်မြို့ အထိ ထိုင်းနိုင်ငံသားများကို လူနဲ့ယာဉ်  ဝင်ရောက်ခွင့်ပြုရန်၊ မြိတ် ဒေသတွင် ရေထွက်ပစ္စည်း  စည်သွပ်ဘူးစက်ရုံ ထူထောင် လိုကြောင်း၊ မောတောင်ဒေသတွင်ဆီအုန်း စိုက်ပျိုး ဆောင် ရွက်နိုင်မည့်အခြေအနေသိလိုကြောင်းဆွေးနွေးခဲ့ကြပါတယ်။ Spa and Resort လုပ်ငန်းရှင်များအနေနဲ့ စိတ်ဝင်စားမှု ရှိပြီးထပ်မံလာရောက်ကာ မြိတ်ကျွန်းစုကို သွားရောက်လေ့ လာရန် စိတ်ဝင်စားမှုရှိတယ်လို Spa Federation  မှ လုပ်ငန်း ရှင်များက ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: နကသ၊ MIRT (DOBT)