Main menu

Background

ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းများရှာဖွေရန် Seminar နှင့် UBusiness Matching ဇူလိုင်လတွင် ကျင်းပရန်ရှိ

Mon, 07/02/2012 - 06:37 -- Anonymous (not verified)

    ထိုင်းနိုင်ငံထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာနမှဦးဆောင်ပြီး ကုမ္ပဏီ ခုနစ်ခုပါဝင်တဲ့ ထိုင်းဆင့်ပွားလုပ်ငန်း (Thai Franchaise Business)  ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇူလိုင် အတွင်း မြန်မာနိုင်ငံ ကိုလာရောက်မယ်လို့ သတင်းရရှိပါတယ်။ Thai Franchaise Business အဖွဲ့ဟာ ၎င်းတို့ရဲ့ခရီးစဉ်အတွင်းမှာ မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကျန်းမာရေး အလှအပဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ကော်ဖီနဲ့ စားသောက်ကုန် (ခေါက်ဆွဲ) လုပ်ငန်း၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းဆိုင်ရာဆင့်ပွားလုပ်ငန်းခွဲဖွင့်လှစ်ရေးနဲ့စပ်လျဉ်းပြီး တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်သွားမယ်လို့သိရပါတယ်။    တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၂ ရက် ၁၄း၀၀ ချိန်မှာ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခမ်းမတွင်ကျင်းပ မှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲကို မိမိကိုယ်တိုင် (သို့မဟုတ်) အသင်းအဖွဲ့/ကုမ္ပဏီများမှ တက်ရောက်နိုင်ပါကြောင်းနဲ့ တက်ရောက်လိုသူများမှာ RUMFCCI  နိုင်ငံတကာဆက်ဆံရေးဌာန၊ ဖုန်းအမှတ် ၂၁၄၃၄၄-၄၉ သို့လည်း ကောင်း၊  Kenan Institute Asia email: sarinporns @ kiasia.org  သို့  ဇူလိုင် ၆ ရက် နောက်ဆုံးထား၍ အမည်စာရင်းနှင့် စိတ်ဝင်စားသည့် လုပ်ငန်းအမျိုးအစား စာရင်းများပေးပို့နိုင်ကြောင်း အသိပေးလိုက်ရပါတယ်။        MIRT (DOBT)