Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့မှု အားကောင်း

Mon, 07/02/2012 - 06:42 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၄၀ ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ကျော်အပို့ရှိခဲ့ရာ ယခုသီတင်းပတ် တရုတ်နယ်စပ်မှ ရေ ထွက်ကုန်တင်ပို့နိုင်မှုမှာ ၅၈၆ တန်ကျော်ဖြစ်ပါတယ်။ ယခင်အပတ်က ၄၈၃ တန်ခန့် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တရုတ်နယ်စပ်မှ ရေထွက်ကုန် တန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင်ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ရေထွက် ကုန်တွေကတော့ ငါးရှဉ့် တန် ၂၀၀ ခန့်၊ ကဏန်း ၁၉၂ တန်ခန့်၊ ရေခဲငါး ၄၃ တန်ကျော်၊ အေးခဲပုစွန် ၄၂ တန်ခန့်နဲ့ ငါးစည်ဖောင်း ၆၄တန်ဖြစ်ပါတယ်။ ယခင်အပတ်ကထက်ချ င်းရွှေဟော်မှ ငါးရှဉ့်အပို့အနည်းငယ်လျော့ခဲ့သော်လည်း မူဆယ် မှ ငါးရှဉ့်၊ ကဏန်း၊ ရေခဲငါးအပို့ပို တဲ့အပြင် အေးခဲပုစွန်နဲ့ ငါးစည်ဖောင်းများဟာ ယခုအပတ်မှာ တင်ပို့မှုရှိလာတဲ့အတွက် မူဆယ်မှ အပို့ သိသိသာသာ ပိုမိုခဲ့ရခြင်းဖြစ် ပါတယ်။                           .                                                            MIRT(DOBT)