ရာသီချိန်ကုန်လာပြီဖြစ်လို့ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၅၁၃ သန်းတန်ဖိုးရှိ သရက်သီး ၂၁၈၀ တန် ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ တောင်ကြီးဒေသထွက် စိန်တလုံး သရက်သီးများနဲ့ ဒီပဲယင်း၊ မုံရွာဒေသထွက် ရွှေဟင်္သာများကို တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၉၅၈ တန်ခန့် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်လိုပဲ သရက်ပြားခြောက်တင်ပို့မှုလည်းရှိရာ ကန်ဒေါ်လာသုညဒသမ ၀၇၂ သန်းတန်ဖိုးရှိ သရက်ပြားခြောက် ၁၂၄ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်ပြားခြောက် ၃၁ တန်ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ MIRT(DOBT)
Background