နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုညဒသမ ၁၂၆ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁၅ တန်ဝန်းကျင်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၈ တန်ကျော် အပို့ ပိုခဲ့ပါတယ်။ ကွမ်းသီးခြောက်သာမက ကွမ်းသီးခွံများလည်း တင်ပု့ိလျက်ရှိရာ ယခုအပတ်မှာ ကန်ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိ ကွမ်းသီးခွံ ၄၄ တန်ခန့်ကို မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ကွမ်းသီးခွံများကို ပရဆေးကုန်ကြမ်းအဖြစ်ရော စောင်၊ အနွေးထည်များချုပ်လုပ်ရန် ကွမ်းသီးချည်များအဖြစ်ထုတ်လုပ်တယ်လို့ သိရပါတယ်။နယ်စပ်အလိုက်ကွမ်းသီး တင်ပို့မှုများ ကတော့ တမူးနယ်စပ်မှ ၆၅ တန်ခန့်၊ ရိဒ်မှ တန် ၄၀ တန်ခန့်နဲ့ မြဝတီမှ ၁၁ တန် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
Background