ထိုင်းနယ်စပ်ရှိ မြဝတီနဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာယခင်အပတ်က ထက် ရေထွက်ကုန်အပို့ပိုခဲ့ပြီး မြိတ် နယ်စပ်မှ အပို့လျော့ခဲ့သော်လည်း ယခုအပတ်မှာ ရေထွက်ကုန် တန် ၇၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၂၉၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၂၀ ကျော်၊ ပုစွန် ၆ တန်ကျော်၊ ကဏန်း ၂၆ တန်ကျော်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ၃၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၃၉၇ တန်ခန့်၊ ငါးဆားနယ် ၃၂ တန်ကျော်၊ ကျောက်ပုစွန် (ပဂဲ)သုညဒသမ ၄၀ တန်၊ ကဏန်း သုညဒသမ ၃၂ တန်၊ ပုစွန် ၁၄ တန်ကျော်နဲ့ ခရု သုညဒသမ ၈၀ တန်၊ မြိတ်နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၇၇၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၈ တန်ခန့်၊ ရေငန်ပုစွန် ၁ တန်ကျော်၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးမှုန့် ၃၅၂ တန်ခန့်၊ အေးခဲကင်းမွန်သုညဒသမ ၀၆၀ တန်၊ ငါးခြောက် ၈ တန်ခန့်၊ အေးခဲ ကဏန်းပျော့ ၄၆ တန်ခန့်နဲ့ ကဏန်းအသေး (အသေ) ၂ တန်ခန့် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ငါးအသားလွှာနဲ့ ပုံစံအမျိုးမျိုး တင်ပို့တဲ့ကင်းမွန်ကို ယခုအပတ်မှာ အပို့မရှိခဲ့လို့ဖြစ်ပါတယ်။MIRT(DOBT)
Background