ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မူဆယ်နဲ့ မြိတ်တို့မှအပို့ပိုပြီး ယခင်အပတ်ကအပို့မရှိခဲ့တဲ့ လွယ်ဂျယ်မှတင်ပို့နိုင်ခဲ့သော်လည်း ချင်းရွှေဟော်မှတင်ပို့မှုမှာ တန် ၆၀၀ ကျော်လျော့နည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့တင်ပို့နိုင်မှုထက်ဝက်ကျော် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ RSS-3 ၁၅၄ တန်နှင့် MSR-20 ၇၆ တန်၊ ချင်းရွှေဟော်မှ RSS-3 ၆၄ တန်နဲ့ MSR-50 ၁၉ တန်ခန့်၊ လွယ်ဂျယ်မှ RSS-3 တန် ၄၀ နဲ့ မြိတ်မှ RSS-5 တန် ၁၀၀ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှာ RSS-3 ပေါက်ဈေးမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၅၀၈၀၀၀ ကျပ်နဲ့RSS-5 ဈေးမှာ ၂၃၇၆၀၀၀ ကျပ်ပေါက်ခဲ့ပြီး ယခင် အပတ်ဈေး ထက် ၁၀၉၇၄ ကျပ်ပိုမိုခဲ့ပါတယ်။ MIRT(DOBT)
Background