Main menu

Background

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးနေသဖြင့် ကုန်စည်ဝယ်လိုအားနည်းနေချိန်တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများ၏ ရော်ဘာထုတ်လုပ်မှု ပိုလျှံနေခြင်းကြောင့် ဈေးနှုန်းအားနည်းလာ

Mon, 07/02/2012 - 07:21 -- Anonymous (not verified)

    မိုးတွင်းကာလ ဝင်ရောက်လာပြီဖြစ်သော်လည်း အာရှရော်ဘာဈေးနှုန်းတွေ ကျဆင်းလျက်ရှိတယ်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှေးနေရာ ကုန်စည်ဝယ်လိုအားနည်းနေချိန်မှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ရော်ဘာထုတ်လုပ်မှု ပိုလျှံနေခြင်းကြောင့် ဈေးနှုန်းအားနည်းလာခြင်းဖြစ်တယ်။ ၂၀၁၂  ခုနှစ်မှာ ရော်ဘာထုတ်လုပ်မှု  ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ကာ တန်ချိန် ၁၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မယ်လိ့ု နိုင်ငံတကာ ရော်ဘာလေ့လာရေးအဖွဲ့က ခန့်မှန်းထားတယ်။     လက်ရှိရော်ဘာဈေးနှုန်းတွေကျဆင်းနေမှုကြောင့် အင်ဒိုနီးရှားမှ ရော်ဘာထုတ်လုပ်သူတွေက အစိုးရကို ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့နဲ့ ပူးပေါင်းပြီး ရော်ဘာဈေးနှုန်းကျဆင်းမှုကို ရပ်တန့်သွားစေမယ့်အစီအမံများ (ဥပမာအနေနဲ့ ရော်ဘာ တင်ပို့မှုထိန်းချုပ်ကန့်သတ်ခြင်း၊ ရောင်းလိုအားစီမံခန့်ခွဲခြင်း (သို့) တင်ပို့မယ့်ပမာဏ သဘော တူညီချက်များချမှတ်ခြင်း) ချမှတ်ပေးဖို့ တောင်းဆိုထားတယ်လို့သိရတယ်။ ရော်ဘာဈေးနှုန်းကျဆင်းမှုကြောင့် ထိုင်းအစိုးရက မှိုင်းခံရော်ဘာတန်ချိန် ၁၀၀၀၀ ဝန်းကျင်ကို ဈေးကွက်ပေါက်ဈေးထက်မြင့်တဲ့ ဈေးပေးပြီး ဝယ်ယူသိုလှောင်ထားပြီးဖြစ်တယ်။ လာမယ့် သီတင်းပတ် အနည်းငယ်မှာ တရုတ်ကို ရောင်းချသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အစိုးရက ရော်ဘာဈေးကွက်ဝင်ရောက်စွက် ဖက်တဲ့ အစီအစဉ်အရ မှိုင်းခံရော်ဘာကို တန်ချိန် ၂၀၀၀၀၀ ထိ ဝယ်ယူသွားမှာဖြစ်ကြောင်း သိရတယ်။                    Source:brecorder.com, rubberboard.org.in, ပပ