Main menu

Background

ရွှေလီသို့ တင်ပို့ရန် ကားစီးလုံးတိုက်သကြားများ မူဆယ်သို့ အဝင်ရှိနေ

Mon, 07/02/2012 - 07:22 -- Anonymous (not verified)

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၉၂၁၃၀ တန်ဖိုးရှိ သကြား ၁၅၄ တန်ခန့်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ်များက သကြားကို တရုတ်ပြည်ကတင်သွင်းနေရပေမဲ့ ယခုနှစ်မှာ မြန်မာသကြားများ တင်ပို့ ခွင့်ရနေတာ တွေ့ရပါတယ်။ ယခုအပတ် အတွင်းမှာ သကြားချည်းပဲ သီးသန့်ကားစီးလုံးတိုက် ဝင်လာမှုကို ထူးထူးခြားခြားတွေ့ရတယ်လို့ သိရပါတယ်။ MIRT(DOBT)