Main menu

Background

၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ပြည်ပမှ စားသောက်ကုန် ကောက်ပဲသီးနှံတင်သွင်းမှု ယခင်နှစ်အလားတူ ကာလကထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့

Mon, 07/02/2012 - 07:39 -- Anonymous (not verified)

      ၂၀၁၁ ခုနှစ် ဇူလိုင်မှ ၂၀၁၂ ခုနှစ် ဧပြီလအထိ ကာလ အတွင်း ဘင်္ဂလားဒေ့ရှ်က ပြည်ပမှ စားသောက်ကုန် ကောက် ပဲသီးနှံတင်သွင်းမှုမှာ ယခင်နှစ် အလားတူကာလကထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် က ဇွန် ၂၄ ရက်မှာ ထုတ်ပြန်လိုက်တယ်။ဆန်တင်သွင်းမှုက ယခင်နှစ်ကထက် ၅၆ ဒသမ ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၂၈၃ ဒသမ ၈ သန်းသာ သုံးစွဲခဲ့ရတယ်လို့ သိရတယ်။ ဂျုံတင်သွင်းမှုမှာလည်း ၅၂ ဒသမ ၄၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၄၃၃ ဒသမ ၂ သန်းသာ သုံးစွဲခဲ့ရတယ်လို့  သိရတယ်။ ပြည်တွင်းဆန်နဲ့ ဂျုံ အထွက်တိုးပြီး ပြည်ပမှ တင်သွင်းမှု လျော့နည်းခဲ့ကြောင်း ဗဟိုဘဏ် အရာထမ်းတွေက ပြောကြားတယ်။Source:xinhuanet.com, ပပ