အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ အဆိုပါရန်ကုန် တိုင်းဒေသကြီးရုံးခွဲ တွင် ရုံးခွဲတာဝန်ခံ အဖြစ် ဒေါ်စန်းနွဲ့ (ဒုတိယညွှန်ကြား ရေးမှူး)က တာဝန်ခံ၍ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲကို ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ ကုမ္ပဏီများအနေဖြင့် နေပြည်တော် တွင် သွားရောက် လုပ်ကိုင်ရသည့် ကုန်ကျစရိတ်များ များပြားနေမှုကို လျှော့ချ သည့်အနေဖြင့် ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အသစ်ပြုလုပ်လို သူများ၊ ကုမ္ပဏီသက်တမ်းတိုးခြင်းဆိုင် ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် နေပြည်တော်သို့သွားရောက်စရာမလိုဘဲ ရန်ကုန်မြို့တွင်ပင် ပြီးစီးအောင်ဆောင် ရွက်ပေးခြင်းဖြင့် ကုန်ကျစရိတ် များ လျော့နည်းသက်သာအောင် ဖြေလျော့ ပေးသည့်အနေဖြင့် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဦးကျော်ဒွန်းက ရှင်း လင်းပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနရုံးခွဲတွင် မြန်မာကုမ္ပဏီဌာနခွဲ (ရန် ကုန်)နှင့်ရင်းနှီးမြှုပ်နှံမှုဌာနခွဲ(ရန်ကုန်) ဟူ၍ ဌာနခွဲနှစ်ခုထားရှိကြောင်း သိရ သည်။မြန်မာကုမ္ပဏီဌာနခွဲတွင်ကုမ္ပဏီ သက်တမ်းတိုးခြင်းကိစ္စရပ်များအတွက် စိစစ်ပြီး ခြောက်လသက်တမ်းပါရှိသော ယာယီသက်တမ်းတိုးကတ်ပြားထုတ်ပေး ခြင်း၊ ပထမအကြိမ် ဒါရိုက်တာခန့်အပ် ခြင်းပုံစံ(၂၆)နှင့်အစုရှယ်ယာဝယ်ယူ ခြင်းပုံစံ(၆)အတွက် မှတ်ပုံတင်ပေးခြင်း၊ ကုမ္ပဏီရုံးခန်းလိပ် စာပြောင်းမှတ်ပုံ တင်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ကဒ် ပြားအသစ် ထုတ်ပေးပြီးသော ကုမ္ပဏီ များအတွက် လုပ်ငန်းရည်ရွယ် ချက် ပြောင်း မှတ်ပုံတင်ပေးခြင်းတို့ကိုဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ရင်းနှီးမြှုပ်နှံမှုဌာနခွဲ (ရန်ကုန်)မှ ဆောင်ရွက်ပေးမည့် လုပ်ငန်းများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အဆိုပြုလွှာတင်ပြရာ တွင် ပါဝင်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေး ပေးခြင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဥပဒေအရ အဆိုပြုလွှာ တင်ပြ ရာတွင် ပါဝင်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပေးခြင်း၊ ကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသောလုပ်ငန်းများအတွက် မူလအဆိုပြုလွှာတွင် ပါရှိသော စက် ပစ္စည်းများအား ပြည်ပမှတင်သွင်းခွင့် ပြုပါရန်တင်ပြခြင်း၊ စီးပွားဖြစ်လုပ်ငန်း စတင်သည့်နေ့သတ်မှတ်ပေးပါရန် တင် ပြခြင်း၊ ရင်းနှီးမြှုပ်နှံသူအမည် ပြောင်း လဲရန်တင်ပြခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြင်ဆင်သတ် မှတ်ခြင်း၊ ကော်မရှင်ခွင့်ပြု မိန့်ရသော ကုမ္ပဏီအမည်ပြောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် သက်တမ်းတိုး မြှင့်ခြင်း၊ စက်ပစ္စည်းများ ပြည်ပမှ Draw Back စနစ်ဖြင့် တင်သွင်းခွင့်ပြုပါရန် တင်ပြခြင်း၊ ပြည်ပမှ Draw Back စနစ် ဖြင့် တင်သွင်း ထားသောစက်ပစ္စည်းများ အား ပြန်လည်တင်ပို့ခွင့်ပြုပါရန် တင် ပြခြင်း၊အဆိုပြုလုပ်ငန်း၏ တည်ဆောက် ရေးကာလ သက်တမ်းတိုးမြှင့်တောင်းခံခြင်း၊ နိုင်ငံခြားသားကျွမ်းကျင်သူများအား ခန့် ထားခွင့်၊ နေထိုင်ခွင့် သက်တမ်းတိုးမြှင့် ခွင့်၊ တစ်ကြိမ်ပြည်ဝင်ခွင့်၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့်နှင့်နိုင်ငံခြားသားကျွမ်းကျင် သူ၏ မှီခိုသူ မိသားစုဝင်များနေထိုင်ခွင့်၊ သက်တမ်းတိုးမြှင့်ခွင့်တင်ပြခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ပြည်တွင်းတွင်လာရောက်လုပ်ကိုင် လျက်ရှိသည့်နိုင်ငံခြားသားများ၏ နေထိုင်ခွင့်ဗီဇာနှင့်ပတ်သက်သည့်ကိစ္စများ အား ဆောင်ရွက်ရာတွင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်း အခွန်ဦးစီး ဌာနတို့အား ယခုဖွင့်လှစ်ခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ရုံးခွဲတွင် ဖွင့်လှစ်ပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက်ရန်စီစဉ် ထားရှိကြောင်း သိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ မန္တလေးတိုင်း ဒေသကြီးရုံးခွဲကို မကြာမီကာလ အတွင်းတွင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်ရှိသည့်ပြည်နယ်တိုင်းဒေသ ကြီးများတွင်လည်း ရုံးခွဲများကို တစ်နှစ် နှစ်နှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အွန် လိုင်းစနစ်ဖြင့်ပါ ဆောင်ရွက်ပေးသွား နိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်၎င်းင်းရန်ကုန်တိုင်းဒေသကြီးရုံးခွဲကို အမှတ်(၁)သစ္စာလမ်း(ကံဘဲ့) ရန်ကင်း မြို့နယ်(ရန်ကင်းကလေးအထူးကုဆေးရုံ ကြီးအနီး) တွင် ဖွင့်လှစ်ကာ ဆောင်ရွက် လျက်ရှိပြီး သိရှိလိုသူများအနေဖြင့် ဖုန်း-၀၉၄၃၁၉၃၅၄၇ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရ ရှိသည်။ မယ်သီတာ
Background