Main menu

Background

Bus ကားနှင့် Truck ကားများ ပြည်ပမှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုမှု

Mon, 07/02/2012 - 07:50 -- Anonymous (not verified)

    ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား Bus  ကားနှင့် Truck ကားများ ပြည်ပမှလွတ်လပ်စွာ တင်သွင်းခွင့်ပြုလျက် ရှိပြီး ပုံမှန်သွင်းကုန်လိုင်စင်ဖြင့် ၂၀၀၇ ခုနှစ်အထက် (ဘယ်မောင်း) Bus  ကားများတင်သွင်းရန် သွင်းကုန်လိုင်စင် ထုတ်ပေးမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၈ ခုမှ စီးရေ ၄၇၅ စီး၊ တန်ဖိုး ၂၃ ဒသမ ၈၂ ဒေါ်လာသန်းဖိုး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လ ၂၈ ရက်နေ့ထိ) တွင် ကုမ္ပဏီ ခုနစ်ခုမှ  စီးရေ ၅၁ စီး၊ တန်ဖိုး ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါသည်။ ပြည်ပမှ Truck  ကားများတင်သွင်းရာတွင် သွင်းကုန်လိုင်စင်ထုတ်ပေးမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၀၄ ခုမှ  စီးရေ ၆၃၅ စီး တန်ဖိုး ၂၆ ဒသမ ၆၇ ဒေါ်လာသန်းဖိုးဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ယခင်က ၃ တန်အထက် Truck  ကားများသာ ခွင့်ပြုခဲ့ရာမှ သယ်ယူပို့ဆောင်ရေးလုပ် ငန်း ပိုမိုချောမွေ့လွယ်ကူစေရန် ၁ တန်မှ ၃ တန်အထိLight Truck  များအား ဘယ်မောင်း/ ညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့်ပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဇွန် ၂၈ရက်အထိ ကုမ္ပဏီ ၁၆၈ ခုမှ စီးရေ ၂၂၆၄ စီး  တန်ဖိုး ၁၈ ဒသမ ၆၈ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါသည်။ယာဉ်အို/ယာဉ်ဟောင်း အစားထိုးအပ်နှံ၍ သွင်းကုန်ပါမစ်လျှောက်ထားမှုအား ၂၀၁၁ ခုနှစ်  စက်တင်ဘာလ ၁၉ ရက်မှစ၍ ခွင့်ပြုပေးခဲ့ပြီး လူစီးယာဉ်အပ်နှံပါက လူစီးယာဉ်အားလည်းကောင်း၊ Bus   ကားအပ်နှံပါက Bus ကားအား လည်းကောင်း၊  Truck  ကားအပ်နှံပါက Truck ကားအားလည်းကောင်း တင်သွင်းခွင့်ပြုပါသည်။ ၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်အို/ယာဉ်ဟောင်းအပ်နှံမှုမှာ လူစီး ယာဉ် ၅၁၆၇၄ စီး၊ Bus ကား ၁၃၄၆ စီး၊ Truck ကား ၃၄၉၁ စီး စုစုပေါင်း ၅၆၅၁၁ စီးဖြစ်ပါသဖြင့် သွင်းကုန်ပါမစ် ထုတ်ပေးမှုမှာ လူစီးယာဉ် ၄၁၉၉၀ စီး၊ Bus   ကား ၈၈၇ စီး၊ Truck ကား ၂၉၄၃ စီး၊ စုစုပေါင်း ၄၅၈၂၀ စီးဖြစ်ပါသည်။  Sale Center   များမှ ဝယ်ယူခွင့်အား မှတ်ပုံတင်သက်တမ်းကြာမြင့်သော ဖျက်သိမ်းယာဉ်အတွက် အဖွဲ့၏ ထောက်ခံချက် ပုံစံ (ဃ)ဖြင့် လျှောက်ထားနိုင်ပြီး ၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်အထိ လျှောက်ထားမှုမှာ လူစီးယာဉ် ၄၉၅၄ စီး ၊ Bus   ကား ၆၅ စီး၊ Truck  ကား ၃၆ စီး ၊ စုစုပေါင်း ၅၀၅၅ စီးဖြစ်ပါသည်။ လူစီးကားများသာမက Bus   ကားနှင့် ွှမကခု ကားများအား ပြည်ပမှ မှာယူရန်မလိုဘဲ  Sale Center များမှ ဝယ်ယူနိုင်ရန်အတွက် Sale Center များအား မော်တော်ယာဉ်တင်သွင်းခွင့်ပြုခဲ့ရာ Consignment Basis စနစ်ဖြင့်ခွင့်ပြုပြီး Bus   ကားစီးရေ ၃၃၅ စီး နှင့် CNG Bus ကားစီးရေ ၈၀ စီးအား ခွင့်ပြုပြီးဖြစ်ပါသည်။ ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား  Bus   ကားနှင့်  Truck  ကားများ ပုံမှန်လိုင်စင်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားပါက အကန့်အသတ်မရှိ ခွင့်ပြုပေးလျက်ရှိပြီး ကြန့်ကြာမှုမရှိ စေဘဲ သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။                                    မိုးမင်း