ရန်ကုန်မြို့၏ ကားဈေးကွက် အခြေအနေမှာ တစ်ပတ်နှင့်တစ်ပတ် မတူဘဲ ဈေးတန်းများမှာ အကျဘက် သို့သာ ဦးတည်နေကြောင်း တွေ့ရှိရ သည်။ ယခုလဆန်းပိုင်းခန့်က ယာဉ် အို/ယာဉ်ဟောင်းများနှင့် ပတ်သက် သည့်စည်းမျဉ်းသစ် များပြင်ဆင်သတ်မှတ် ပြီး အခွန်နှုန်းထား လျှော့ပေါ့ခဲ့ခြင်း ကြောင့် ဈေးတန်းများ ပို၍ကျဆင်းလာ ပြီး ယာဉ်အို/ဟောင်း အပ်နှံပြီးပြေစာ စလစ်ဈေးမှာ ကြေညာချက်ထွက်ပြီး စကာလတွင် ၅ သိန်း ၁၀သိန်းခန့် ပြန် တက်လာကြောင်း၊ ယခုလက်ရှိအခြေ အနေမှာမူ သိန်း ၅၀ ကျော်နှင့် သိန်း ၆၀ကြားဈေးတန်းရှိကြောင်း သိရသည်။၂၀၀၇ ခုနှစ်နှင့် အထက်ကား များတွင် အင်ဂျင်ပါဝါသေးကားများ ရောင်းအားရှိနေပြီး အပြီးအစီး သိန်း ၁၀၀ ပတ်ဝန်းကျင်ဖြင့် ဝန်ဆောင်မှု ပေးမည့် ကုမ္ပဏီများ ပေါ်ပေါက်လာ ကာ ၁၃၀၀ CC နှင့် ၁၂၀၀ CC ကား များအား လူအများ သုံးစွဲမှုများလာ ကြောင်း သိရသည်။ လတ်တလော လူ စိတ်ဝင်စားသည်မှာ ၁၃၀၀ CC နှင့် ၁၅၀၀ CC သုံးပရိုဗောက်ဗင်ကားများ ဖြစ်ကြောင်း ၁၅၃သိန်းဖြင့် ပရိုဘောက် ကားဝယ်လာသူ ပုဂ္ဂိုလ်တစ်ဦးမှပြော သည်။ ဗင်ကားများမှာ အကြမ်းခံခြင်း၊ ဆီစားသက်သာခြင်း၊ ပြည်တွင်း၌ပင် ယာဉ်အပိုပစ္စည်းဝယ်နိုင်သလို ဝပ်ရှော့ တိုင်းလည်းပြင်ဆင်နိုင်သဖြင့် အသုံး များလာခြင်းဖြစ်ကြောင်း၎င်းင်းမှပြောသည်။မူဝါဒသစ်အရ တက္ကစီ (အငှား ယာဉ်) များအတွက် အခွန်သက်သာ ခွင့်များစွာ ပေးထားသဖြင့် အဆင့် မြင့်တက္ကစီယာဉ်များပေါများလာနိုင်ပြီး လက်ရှိတွင်လည်း မိုဒယ်(လ်)မြင့်၊ အက္ခရာမြင့် မတ်(ခ်)တူးများ ကိုရိုနာ ဆလွန်းများ၊ ကာရီနာဗင် စသည်ဖြင့် ကြံ့ခိုင်မှုကောင်းသော အငှားယာဉ်များ ဝင်ရောက်လာကြောင်း သိရသည်။ ၂၀၀၀ ခုနှစ်ဝန်းကျင် မိုဒယ်(လ်)များ ဖြစ်၍ မိုဒယ်(လ်)အရ အလယ်အလတ် ရှိသော တရုတ်လုပ်ကားငယ်များနှင့် စာလျှင် အကြမ်းခံသော ဆူဇူကီး (R+) ကားငယ်များ အငှားယာဉ်လောကထဲ သို့အများအပြားဝင်ရောက်လာကြောင်း၊ လတ်တလော အဝယ်လိုက်နေပြီး တရုတ်နိုင်ငံလုပ် ချယ်ရီဝက်ဂွန်များ ထက်ဝယ်အားရှိနေပြီး ဈေးတန်းများမှာ ၅ သိန်း ၁၀ သိန်းခန့် မာလာပြီး ယခု ကျပ်သိန်း ၁၀၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုး ဆောင် ကိုမြင့်ကျော်မှပြောသည်။လက်ရှိဝိုင်းထဲတွင် ကျပ်သိန်း ၂၀၀ အထက်ကားများမှာ ကျပ်သိန်း ၂၀၀ အောက်သို့ရောက်ရှိနေပြီး အဝယ်နဲ နေရခြင်းမှာ လူအများမဝယ်ဘဲ ဈေး တန်းစောင့်ကြည့်နေကြခြင်းကြောင့်ဖြစ် နိုင်ကြောင်း ၎င်းမှပြောသည်။ SN
Background