Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Mon, 07/02/2012 - 08:03 -- Anonymous (not verified)

    ဝင်ဘယ်ဒန်အိုးပင်းတွင် ဖက်ဒဲရာ၊ ရော့ဒစ်၊ ကလိုက်စတာ၊ တစ်ဆာရီဗစ်တို့ သည် ၎င်းင်းတို့၏ပြိုင်ဘက်များကို အနိုင်ယူကာ တတိယအဆင့်သို့တက်ရောက် သွားပြီဖြစ်သည်။    စပါးအသင်းသည် အားထားရသည့် ကွင်းလယ်လူ လူကာမော့ဒရစ်အား ရီး ရဲမက်ဒရစ်မှ ကွင်းလယ်ဖန်တီးရှင် နူရီဆာဟင်နှင့် အလိုက်ပေးကာ လဲလှယ် မည်ဖြစ်သည်။    ကျူပီအာအသင်းသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွင် ကျူးလွန် ခဲ့သည့်ဖြစ်ရပ်များကြောင့် ကွင်းလယ်လူ ဂျိုရေးဘာတန်အား လုပ်ခလစာ ၆ပတ်စာ ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးမှပါ ရုပ် သိမ်းခဲ့ကြောင်း သိရသည်။    အမေရိကန်လေကြောင်းလိုင်း ဒယ်လ်တာသည် လန်ဒန်အခြေစိုက် ချဲလ်ဆီး အသင်းနှင့် နှစ်နှစ်ကာလရှိစာချုပ်ချုပ်ဆို၍ ပံ့ပိုးကူညီပေးရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။    ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်းသည် အာဖရိကသို့သွားရောက် ကာ Invest in Africa   အမည်ရှိ ကိုယ်ကျိုးမရှာသောအဖွဲ့အစည်းတစ်ခုနှင့် အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။    ဂျူဗင်တပ်အသင်းသည် လီဗာပူးအသင်း၏တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်အား ငွေသားပေါင် ၁၄ ဒသမ ၅သန်းအပြင် အသင်းမှ ကွင်းလယ်တောင်ပံကစား သမား ကရာဆစ်ကိုပါ အလိုက်ပေး၍ လဲလှယ်ရန် စီစဉ်လျက်ရှိသည်။    အေစီမီလန်အသင်း၏စီအီးအိုဖြစ်သူ ဂယ်လီယာနီသည် အားလပ်ရက်အတွင်း သူငယ်ချင်းများနှင့်ဘောလုံးကစားခြင်းကြောင့် အရွတ်ကျောစုတ်ပြဲသည့်ဒဏ် ရာရရှိခဲ့သည့် အသင်းမှ ကွင်းလယ်ကစားသမားမွန်ထရီရယ်အပေါ် အမျက် ဒေါ်သထွက်လျက်ရှိပြီး စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားမှုအား လျော့ ချဖွယ်ရှိနေသည်။    ဥရောပဘောလုံးအဖွဲ့ချုပ်သည် ယူရို ၂၀၁၂ပြိုင်ပွဲကာလအတွင်း ပရိသတ်များ  ၏လူမျိုးရေးခွဲခြားမှုအပြုအမူ များနှင့်အော်ဟစ်လှောင်ပြောင်မှုများကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်နှင့်ရုရှားဘောလုံးသမဂ္ဂတို့အားစွဲချက်တင်လိုက်ကြောင်း သိရသည်။