ပြည်ပပို့ကုန် ရွှေဟင်္သာသရက်ကြောင့် ကျေးလက်ဖွံ့ဖြိုးစေတဲ့ စစ်ကိုင်းမြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်အတွင်းရှိ ဒီပဲယင်းကွဲ၊ ညောင်ပင် ဝန်းနဲ့ နှုံးတွင်းကျေးရွာအုပ်စုရှိ သရက် ခြံတွေက ရွှေဟင်္သာနဲ့ စိန်ချစ်သရက် တွေ ဒီရက်ပတ်မှာ မူဆယ်ကို တင်ပို့မှု သွက်လက်နေတယ်လို့ သရက်ခြံရှင် တွေက ဆိုပါတယ်။ မူဆယ် သရက်သီးဈေးကွက်မှာ ဝယ်လိုအား မြင့်မားနေလို့ ဇွန် ၁၅ ရက် ကနေ ၂၀ ရက်အတွင်း စစ်ကိုင်းမြို့နယ် ကတင်ပိုခဲ့တဲ့ ရွှေဟင်္သာသရက်သီးတွေ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ရွှေဟင်္သာသရက် အိတ် စွပ်သီးဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းက ၁၆ ကီလို တစ်ဖာကို ယွမ် ၁၁၀ (၁၄၅၀၀ ကျပ် )ခန့်သာ အမြင့်ဆုံးရခဲ့ရာက ယခု ပတ်မှာ  ၁၅၂ ယွမ်(၂၀၀၀၀ ကျပ်)ထိ ခေါင်ဈေးရခဲ့ကြလို့  စစ်ကိုင်းနယ်က သရက်ခြံရှင်တွေ စိုက်ပျိုးရကျိုး နပ်ကြ တယ်လို့ ဆိုပါတယ်။ လောလောဆယ် ရွှေဟင်္သာသရက်   တရုတ်အိတ်စွပ်သီး တွေ အနိမ့်ဆုံး တစ်ဖာကို  ယွမ် ၁၃၀ - ၁၄၀(၁၇၂၀၀ ကျပ် - ၁၈၅၀၀ ကျပ်) မှာ ဈေးတန့်နေသလို ဂျာနယ်အိတ် စွပ်သီးကတော့ တစ်ဖာကိုယွမ် ၁၂၀ (၁၆၀၀၀ ကျပ်)သာ အမြင့်ဆုံးရခဲ့တယ် လို့ ဆိုပါတယ်။ယခုရက်ပတ်အတွင်း စစ်ကိုင်းမြို့ နယ် ဒီပဲယင်းကွဲကျေးရွာ အုပ်စုတစ် ဝိုက်ကနေရွှေဟင်္သာသရက်သီး မူဆယ် ကို ခြောက်ဘီးကား အစီး ၅၀ ခန့် တင်ပို့ကြတယ်လို့ သိရပါတယ်။ နောက် ထပ် တင်ပို့ဖို့ကား ၁၀ စီးမက လက် ကျန်ရှိသေးတယ်လို့ သရက်ခြံရှင်တွေ က ပြောပါတယ်။ယခုလို စစ်ကိုင်းမြို့နယ်ရဲ့ ပြည်ပ ပို့ကုန်သစ်သီးဝလံတစ်မျိုးဖြစ်တဲ့ သရက် သီး  စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ ခြင်းအတွက် စိုက်ပျိုးတင်ပို့ရောင်းချတဲ့ သရက်ခြံရှင်များ အကျိုးဖြစ်ထွန်းမှုရှိ သလို ဒေသခံ ကျေးလက်ပြည်သူတွေ အတွက် အဆိုပါ သရက်ခြံလုပ်ငန်းက နေ အမျိုးသားတစ်ဦး တစ်ရက် ကျပ် ၃၅၀၀၊ အမျိုးသမီးတစ်ဦး တစ်ရက် ကျပ် ၂၅၀၀နှုန်းနဲ့ လုံလောက်တဲ့ဝင်ငွေ ရနေတဲ့အတွက်ကျေးလက်ဒေသအသေး စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ခြင်းက တစ်ဖက်တစ်လမ်းမှ အကျိုးပြု နေတာ တွေ့မြင်ခံစား ပီတိပွားမိရပါ တယ်။                   ထွန်းလှိုင်