Main menu

Background

ဈေးကွက်ကူညီချိတ်ဆက် TPIS

Mon, 07/02/2012 - 08:19 -- Anonymous (not verified)

         မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး  တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်မန်နေဂျာရုံးများမှာ ကုန်သွယ်မှုမြှင့်တင်ရေးသတင်း အချက်အလက်ဌာနခွဲရုံး (Trade Promotion & Information Service)  များဖွင့်လှစ်ပြီး ကုမ္ပဏီများ၊ ကုန်သည်အသင်းအဖွဲ့များနဲ့ စိုက်ပျိုးထုတ် လုပ်သူတောင်သူများအား ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး၊ ဈေးကွက်ရှာဖွေချိတ်ဆက်ပေးခြင်း နဲ့ ဒေသထွက်ကုန်စိုက်ပျိုးတဲ့ ကျေးရွာ များအရောက် ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ TPIS   ရုံးခန်းသို့ စင်ကာပူနိုင်ငံမှ Mr. Shausn Lim (Project Director Starwhiz Management Company Pte.Ltd) နှင့် So Fresh မှ Managing Agent  နဲ့အဖွဲ့တို့ဟာ ဇွန် ၁၉ ရက်က ပြည်နယ်မန်နေဂျာ၊ TPIS ရုံးခန်းတာဝန်ခံ၊ သီးနှံအုပ်စု တာဝန်ခံများနဲ့တွေ့ဆုံပြီး ရှမ်းပြည်နယ်မှ ထွက်ရှိပိုလျှံပြီး စင်ကာပူဈေး ကွက်ကို တင်ပို့ရောင်းချနိုင်မယ့်သီးနှံများအား စိုက်ပျိုးထားရှိမှု၊ သီးနှံ နမူနာနဲ့ ဖြစ်ထွန်းအောင်မြင်မှုများ ကွင်းဆင်းကြည့်ရှုရန် ဆွေးနွေးခဲ့ပါ တယ်။ စင်ကာပူနိုင်ငံ ဧည့်သည်များနဲ့အတူ ရှမ်းပြည်နယ်သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သရက်သီး အစုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်အောင်တို့ တက်ရောက်ခဲ့ပါတယ်။စင်ကာပူနိုင်ငံမှ  ဧည့်သည်များနဲ့အတူ ရှမ်းပြည်နယ်  မန်နေဂျာနဲ့ သီးနှံအုပ်စုတာဝန်ခံတို့ဟာ ဇွန် ၂၀ရက်မှ ၂၂ရက်ထိအချိန်ယူပြီး တစ် နှစ်ပတ်လုံးဈေးကွက်ကို တင်ပို့နိုင်မယ့် သီးနှံနဲ့ဟင်းသီးဟင်းရွက် အလား အလာများ ကွင်းဆင်းလေ့လာ ရှင်းလင်းခဲ့ပါတယ်။ ယခုအကြိမ် လာ ရောက်လေ့လာတဲ့အဖွဲ့ဟာ စင်ကာပူဈေးကွက်သာမက အာရှဈေးကွက် များနဲ့  ချိတ်ဆက်ကာ တင်ပို့/တင်သွင်းနေတဲ့ ကုမ္ပဏီ  ဖြစ်ပါတယ်။ ပြည်နယ်မန်နေဂျာ ဦးဆောင်တဲ့ နိုင်ငံခြားဧည့်သည် ကုမ္ပဏီနဲ့အဖွဲ့တို့ဟာ ရပ်စောက်မြို့ရွှေပုစွန်မြောင်းတော်ခြံ၊ ပုဂ္ဂလိက တောင်သူဦးဝင်းအောင် ရဲ့ သရက်ခြံတို့မှာ စိန်တလုံးသရက်သီးများ၊ ခူးဆွတ်သည်မှ ဈေးကွက် သို့တင်ပို့နေတဲ့လုပ်ငန်း များ၊ ညောင်ရွှေမြို့ရှိ ခရမ်းချဉ်သီးဇုန်မှ အလုပ် အမှုဆောင်အဖွဲ့များနဲ့ ခရမ်းချဉ်သီးပွဲရုံ များ၊ အေးသာယာစက်မှုဇုန် ရှိ မြတ်ရတနာသရက်ခြံမှထွက်ရှိတဲ့ သရက်သီးများ ဈေးကွက်တင်ပို့ရန် ပြင်ဆင်ထားရှိမှု၊ ပဲပဲမြေပဲယိုလုပ်ငန်း၊ ထောပတ်သီးဇုန်မှ အလုပ်အမှု ဆောင်အဖွဲ့များနဲ့ ဖာဖွန်ဒေသထောပတ်သီး စိုက်ပျိုးထားရှိမှုအခြေအနေ များ၊ ပလီလင်းဒေသရှိ ကညွတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု အခြေ အနေများအား ကွင်းဆင်းလေ့လာခဲ့ပါတယ်။      စင်ကာပူနိုင်ငံမှ ကုမ္ပဏီ အဖွဲ့ဟာ ထောပတ်သီးနမူနာ ၁၀လုံးအား စင်ကာပူသို့ နမူနာယူသွားပြီး၊ ဈေးကွက်ရောက်မှသာ ချိတ်ဆက်ပေးမှာဖြစ်ပြီး၊ နမူနာယူသော ထော ပတ်သီးမှာ မိသားစုတစ်နိုင်စားနိုင်တဲ့ (ဘဲဥခန့်) အရွယ်ဖြစ်ပါတယ်။ ကညွတ်မှာ အရသာအလွန်ကောင်းမွန်ပြီး၊ တောင်ကြီးဒေသတွင် လူတန်း စားမရွေး တစ်စည်း ၂၀၀ ကျပ်၊ ၃၀၀ ကျပ်ဖြင့် စားသုံးနိုင်သော်လည်း စင်ကာပူမှာ တော်ဝင်သီးနှံ  Royal Vegetable  ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံကို သြစတြေးလျမှတင်သွင်းနေတဲ့ ထောပတ်သီးကဲ့သို့ ဈေးကွက် အကြိုက် အရည်အသွေး၊ အရွယ်အစားတို့ကို အစိုးရရဲ့ နည်းပညာအား ပေးခြင်း၊ စိုက်ပျိုးရေးဌာနများရဲ့ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ရင် မြန်မာ့ထောပတ်ဈေးကွက်ရလာနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး ပြည်ပ တင်ပို့နိုင်ရန် ရှမ်းပြည်စိန်တလုံးမှာ ဇွန်၊ ဇူလိုင်မှာလည်းကောင်း၊ ကညွတ် မှာ ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ လည်းကောင်း (အပူချိန် ၅၀ ဒီကရီ ဖာရင်ဟိုက်အောက်မှာ ခူးဆွတ်ခြင်းရပ်နားသည်)၊ ထောပတ် သီးမှာ သြဂုတ်လမှ ဖေဖော်ဝါရီလအထိလည်းကောင်း ခူးဆွတ်တင်ပို့ ရောင်းချနိုင်ပြီး ကြားကာလများ ရှားပါးချိန်မှာ အင်းသီးနှံအဖြစ် ၁၂ လလုံး ထွက်ပေါ်တဲ့ အင်းခရမ်းချဉ်သီးကို သတ်မှတ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် လယ်ယာ/ထွက်ကုန် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ TPIS ရုံးခန်းများမှ ပြည်တွင်း၌သာမက ပြည်ပဈေးကွက် အထိ ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း ရှမ်းပြည်နယ်ရဲ့ ဆောင်ရွက် ချက်များကိုဖြန့်ဝေကာ အသိပေးတင်ပြလိုက်ရပါတယ်။  အောင်ကျော်