ပုသိမ်ကြီးက နွေနှမ်းအထွက်နှုန်းကျ

      မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာ မတ်၊ ဧပြီလက စိုက်တဲ့ နွေနှမ်းစိုက်ဧက ၁၉၄၄ ကို ရိတ်သိမ်းပြီးစီးခဲ့ရာမှာ စတင်စိုက်သည့်ကာလမှ ရိတ် သိမ်းသည့်လအတွင်း နေပူပြင်းပြီး မိုးခေါင်ခဲ့တဲ့အတွက် အထွက်နှုန်းများ ကျဆင်း ခဲ့တယ်လို့ တောင်သူများ မှ ပြောပါတယ်။ငွေတောင်၊ တံတိုင်းရှည်၊ သမ္မတော၊ ဘို့တက်ကုန်း၊ ကျေးရွာများမှ နှမ်းစိုက် တောင်သူများနဲ့တွေ့ဆုံရာမှာ အများဆုံးစိုက်တဲ့ နှမ်းဖြူက တစ်ဧကကို ပျမ်းမျှ ၆ တင်းနှုန်း၊ နှမ်းဝါ (ရှပ်ကလေး)က ၄ ဒသမ ၅ တင်းနှုန်းထွက်ရှိ တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်ကို တင်ပို့ရောင်းချရာမှာ နှမ်းဖြူ ၃သုံးတင်းဝင်အိတ် တစ်အိတ်ကို ၈၅၀၀၀ ကျပ်၊ နှမ်းဝါ ၃ တင်းတစ်အိတ်ကို ၇၃၀၀၀ ကျပ်ရရှိခဲ့လို့ တွက်ခြေမကိုက်ဘူးလို့ ပြောပါတယ်။ ရတဲ့ငွေနဲ့ မိုးစပါးအတွက် ထယ်၊ ထွန်ခနဲ့ မျိုးစပါးများ ဝယ်ဖို့ပြင်ဆင်ရဦးမယ်လို့လည်း ဆိုကြပြန်ပါတယ်။          ဘိုနီ