ဒေါ်လာရတဲ့ အုန်း
မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းတွင် အုန်းပင်များ စိုက်ပျိုးဖြစ် ထွန်းလျက်ရှိသည်ကို တွေ့ရပါသည်။ အုန်းပင်သည် မြေအငန်ဓာတ်ကြွယ် ဝသော မြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီ ဥတုကိုကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံ နတ်မြစ်ဝမှ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအငူအထိ မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် အများဆုံး ပေါက် ရောက်သည်။ မြန်မာ့ပင်လယ်ပြင်ရှိ ကျွန်းများတွင်လည်း အုန်းပင်များ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည့်မြင်ကွင်းကို တွေ့ရှိရပါသည်။ အုန်းသီးကို မြန်မာနိုင်ငံ တွင် ရိုးရာနတ်ပူဇော်ခြင်း၊ မြန်မာ့ရိုးရာစားစရာ အမျိုးမျိုးတွင် ထည့်သွင်း အသုံးပြုခြင်း၊ အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ် အသုံးပြုခြင်းနှင့် အုန်းလက်ကို တံမြက်စည်းကြမ်း၊ အုန်းဆံကို ကြိုးကျစ်ခြင်း ခြေသုတ်ခုံကြမ်းနှင့် အလှအရုပ် ကလေးများအဖြစ် ပြုလုပ်ကြသလို အုန်းခွံကို အလှရုပ်လေးများ ပြုလုပ် ၍ အသုံးပြုနေကြသည်။ ယခုအခါ အုန်းသီးနှင့် အုန်းသီးထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့နေပြီမို့ ယခင်အမှိုက်များအဖြစ်သာ စွန့်ပစ်ခဲ့ကြ သော အုန်းဆံခွံသည်လည်း အမှိုက်မှရွှေဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ စွန့် ပစ်ခဲ့သော အမှိုက်များသည် ယခုအခါ ကျေးလက်နေပြည်သူများအဖို့ ဝင်ငွေ ရရှိလာနိုင်သော အကျိုးပြုပစ္စည်းဖြစ်လာကြောင်း တွေးမိပါသည်။ သို့ဖြစ်ရာ မြန်မာပြည်တစ်ဝန်း၌ ဘေးထွက်ပစ္စည်းများဖြစ်သော အုန်းဆံဖတ်၊ အုန်းဆံကြိုး အုန်းခွံဖြင့်ပြုလုပ်သော လူ့အသုံးအဆောင်ပစ္စည်း များကို တန်ဖိုးမြှင့်ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ပါက ကျေးလက် လူထုလည်း ဝင်ငွေတိုး၊ နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်ဖြစ်ထွန်း လာပေမည်။ အုန်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုအခြေအနေအား လေ့ လာကြည့်ရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း အုန်းဆံကြိုး တန် ၃၀ ကျော် တန်ဖိုးကန်ဒေါ်လာ ၄၈၀၀ ကျော်ဖိုးကို တရုတ်နိုင်ငံကို တင်ပို့ခဲ့တာ တွေ့ရပါသည်။ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်အတွင်းမှာလည်း အုန်းဆံဖတ် တန် ၆၀ ခန့်ကို တရုတ်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အမှိုက်ထဲက ရွှေဖြစ်သော တန်ဖိုးမြှင့်ပို့ကုန်ပစ္စည်း အမယ် သစ်များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုး တက်ပြီး နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေ တိုးတက်လာမည်ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ထွန်းမြင့်ထွန်း
