အခြေခံရေလုပ်သားများ အဆင်ပြေစေရေး ငါးလုပ်ငန်းဦးစီးမှ စီစဉ်ပေး

  ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ပင်လယ်ပြင်ရှိ ငါးနှင့် သက်ရှိသယံဇာတများ ပင်လယ်ပြင်ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး အတွက် တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ကမ်းရိုးတန်းပင်လယ်ရေပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းကွက်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးသားပေါက်ရာသီအတွင်း ငါးမဖမ်းရကာလ အဖြစ် သတ်မှတ်ခဲ့ပြီး မြောက်လတ္တီ တွဒ် ၁၅ ဒီဂရီ ၁၀ မိနစ်၊ တောင်ဘက်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ် အရှေ့ဘက်တို့အား ငါးမဖမ်းရနယ်မြေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသနေပြည်သူများ၊ အခြေခံရေလုပ်သားများ စားဝတ်နေရေးနဲ့ ဝမ်းစာဖူလုံရေး အတွက် မြင်းကောင်ရေ ၂၅ ပါဝါမကျော်တဲ့ ကမ်းနီးငါးဖမ်းလှေများ ကို မိရိုးဖလာငါးဖမ်းနည်းများဖြင့် တစ်ကြိမ်လျှင် ငါး ဖမ်းရက် ၅ ရက်နဲ့ ငါးသယ်လှေများကို တစ်ကြိမ်လျင် ခုနစ်ရက်အဖြစ်သတ်မှတ်ကာ ငါးဦးစီးဌာနသို့ ပြန်လည်သတင်းပို့စနစ်ဖြင့် ငါးဖမ်းခွင့်ကို ကမ်းနီးငါးဖမ်းရေယာဉ် အားလုံးနဲ့ ငါးလုပ်ငန်းရှင်များကို အသိပေးအကြောင်းကြားခွင့်ပြုထားကြောင်း သိရှိရပါတယ်။ကော့သောင်းနယ်စပ်မှ ၂၀၁၂ ခုနှစ် မေလမှာ ရေထွက်ပို့ကုန်အနေနဲ့ ငါးမျိုးစုံ ၃၂၆၀ တန်ချိန်၊ ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းကျော် ထိုင်းနိုင်ငံကို တင်ပို့နိုင်ခဲ့ပြီး ယခုဇွန်လ ၂၇ ရက်နေ့အထိ ငါးမျိုးစုံ ၆၇၆ တန်ချိန်၊ ကန်ဒေါ်လာ သုည ဒသမ ၅၆ သန်းသာ တင်ပု့ိနိုင်ခဲ့ပါတယ်။                       Source:နကသ (ကောင့်သောင်း) အောင်ဆွေ