မုတ်သုံမိုးနဲ့အတူ လေပြင်းများကြောင့် ငါးဖမ်းရေယာဉ်များ အထွက်နောက်ကျ

      ဖျာပုံမြို့နယ်က ဘုံကျောင်းငါးဖမ်း ရေယာဉ်များဟာ ခါတိုင်းနှစ်တွေလို ပုံမှန်မထွက်နိုင်ပဲ တစ်လကျော်လောက် နားနေရတယ်လို့သိရပါတယ်။ ယခုဇွန် လဝက်ကျော်မှ ဘုံကျောင်းငါးဖမ်းရေ ယာဉ်များ ပင်လယ်ပြင်ကို စထွက်နိုင် ပါတယ်။ ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ် ပေါ်ေ နပြီး လေပြင်းတွေ တိုက်ခတ်နေ တာကြောင့်လို့ ဘုံကျောင်းငါးဖမ်းဦးစီး တစ်ဦးက ဆိုပါတယ်။"ယခုလဟာ ငါးမုတ်၊ ငါးဟောက်နဲ့ ငါးသလောက်ရရှိတဲ့လပါ။ အဓိက က တော့ ငါးမုတ်ရတဲ့လလို့ ဆိုပါတယ်။ ဘုံကျောင်းငါးဖမ်းရေယာဉ် တစ်ခေါက် ဝင်ရင် ငါးမုတ်ပိဿာချိန် ၁၅၀၀-၂၀၀၀ ကျော်ရရှိပြီး၊ အခြားငါးစုံ အနည်းငယ် လည်းရတယ်လို့ အဝယ်ဒိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ " တစ်နှစ်နဲ့တစ်နှစ် ဖျာပုံကို ငါး အဝင် နည်းလာပြီး ဘုံကျောင်းရှိတဲ့ ပိုင် ရှင်တွေဟာ ကိုယ်ပိုင်ချွန်းသင်္ဘောတွေ နဲ့ ရန်ကုန်ကုမ္ပဏီတွေ၊ အအေးခန်းစက် ရုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပေးပို့ နေကြတယ်။ ကျွန်တော်တို့က ကော် မရှင်စားတာ၊ ဘုံကျောင်းတစ်စီးနှစ်စီး ရှိတဲ့သူတွေကတော့  ကျွန်တော့်ဆီပဲ ရောင်းတာပေါ့။ ဒါမှလဲ ပင်လယ်မြန် မြန်ပြန်ထွက်နိုင်မှာ။  ကျွန်တော်တို့က လည်း ရန်ကုန်ကNGP ကုမ္ပဏီ၊ ဟိုင်းလုံကုမ္ပဏီ  စတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားရတာ။ အစကတော့ ကျွန်တော်လည်း ကိုယ်ပိုင်ဘုံကျောင်း တစ်စီးရှိတယ်။ အခုတော့ ရောင်းလိုက် ပြီ။ အရင်လောက် ငါးက သိပ်မရဘူး ဖြစ်နေတယ်။ အရှုံးပေါ်တာနဲ့ရပ်လိုက် ရတာ။ အခုတော့ ကော်မရှင်စားနဲ့ ရပ် တည်နေရတယ်။'''' ငါးအမျိုးအစားတွေကအများကြီး၊ ငါးဆိုဒ်အလိုက် ဈေးအမျိုးမျိုးရှိပါတယ်။ ယနေ့ပေါက်ဈေးတွေကတော့ ငါးမုတ် တစ်ပိဿာကို ၂၀ ကျပ်သား၊ ၃၀ ကျပ်သား ဆိုဒ် ၈၈၀၀ ကျပ်၊ ၄၀ ကျပ် သား အထက်ဆိုဒ် ၁၇၅၀၀ ကျပ်၊ ငါး ဟောက်အလတ် ၁၆၀၀ ကျပ်၊ အကြီး ၅၀ ကျပ်သားအထက်ဆိုဒ် ၂၇၀၀ ကျပ်၊ ငါးသလောက်က ၂၀၊ ၃၀ ကျပ်သားကို ၃၅၀၀ ကျပ်၊ ၃၀၊ ၅၀ ကျပ်သားအရွယ် ၅၀၀၀ ကျပ်၊ ၅၀ ကျပ်သားအထက် ၇၅၀၀ ကျပ်တွေပေါ့''လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။ "ယခုနှစ် မိုးရာသီမှာ မုတ်သုံမိုးနဲ့ အတူ လေပြင်းများ၊ မုန်တိုင်းများ မကြာ ခဏဆိုသလို ကပ်ပါလာပြီး တစ်နှစ် တာ(၁၅)ကြိမ်ထက်မနည်း ဖြစ်လာဖွယ် ရှိတယ်လို့ မိုးလေဝသပညာရှင် ဒေါက် တာ ဦးထွန်းလွင်ရဲ့  ခန့်မှန်းမှုအပေါ် ရေလုပ်ငန်းရှင်များ  စတင်ခံစားကြရ ပြီဖြစ်လို့ ဒီတစ်ခေါက် ပင်လယ်ပြင် ငါး ဖမ်းရေယာဉ်များ ပြန်ဝင်လာတဲ့အပေါ် မူတည်ပြီး မိမိတို့ရဲ့ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းကို  စဉ်းစားရတော့မယ်''လို့ ရေ လုပ်ငန်းရှင်တစ်ဦးရဲ့ စိတ်ခံစားချက် ကိုလည်းသိခွင့်ရခဲ့ပါတယ်။မင်းဇော်မွန်